ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃ ရက်

မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့ လူ့အခွင့်အရေး အခြေအနေ ပိုမိုဆိုးရွားလာတာကြောင့် သြစတေးလျနိုင်ငံက မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့ စဉ်းစားနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင် က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားတွေကို အကြမ်းဖက်တာ အဆုံးသတ်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီ ပေး အပ်နိုင်ရေး စစ်ကောင်စီက ခွင့်ပြုဖို့ တောင်းဆိုတယ်လို့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ပန်နီဝေါင်က သတင်းထောက် တွေကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ အာဆီယံနိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကို သြစတေးလျနိုင်ငံက ထောက်ခံ မယ်လို့ သူက ဆိုပါတယ်။

သြစတေးလျနိုင်ငံက စစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့ စဉ်းစားနေပေမယ့် ဘယ်လိုအစီ အမံတွေနဲ့ အရေးယူမယ်ဆိုတာကိုတော့ သူမက အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပါဘူး။

သြစတေးလျနိုင်ငံဟာ အရင်နှစ်တွေက မြန်မာဗိုလ်ချုပ်ကြီးအချို့ကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ ပေမယ့် အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံအချို့လို အရေးယူတာတွေ မလုပ်ဆောင်ခဲ့ပါဘူး။

အာဏာသိမ်းစစ်ကောင်စီက ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ဖို့ ပျက်ကွက်ခဲ့တာဆို တာ အာဆီယံအဖွဲ့က ဝန်ခံခဲ့ပြီး အဲဒီငြိမ်းချမ်းရေးအစီအစဉ် ဖော်ဆောင်ဖို့ မြန်မာစစ်ကောင်စီကို ဆက်လက်ပြီး ဖိအားပေးမယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့ပါတယ်။

ထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးဟောင်း သြစတေးလျ စီး ပွားရေးပညာရှင်တစ်ဉီးဖြစ်သူ ရှောင်တာနယ်လ်အပေါ် မြန်မာစစ်ကောင်စီ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပန်နီဝေါင် က ပယ်ချခဲ့ပါတယ်။

ရှောင်တာနယ်လ်ကို နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ စက်တင်ဘာလအတွင်း ထောင် ဒဏ်သုံးနှစ် ချမှတ်ခဲ့ပါတယ်။ ရှောင်တာနယ်လ် လွတ်မြောက်ရေးဟာ ထိပ်တန်းဉီးစားပေးတစ်ခုဖြစ်နေဆဲလို့ သူ က ဆိုပါတယ်။

ကိုးကား – Reuters
Ref; Australia considers sanctions on Myanmar