ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃ ရက်

ဒီမိုကရေစီကို အားပေးတယ်ဆိုတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ မြန်မာနိုင်ငံရဲ့ အာဏာသိမ်းမှုအလွန် အကျပ်အ တည်းအပေါ် တုံ့ပြန်ပုံကို အာဆီယံနဲ့အခြားဒေသတွေမှ လွှတ်တော်အမတ်တွေရဲ့ အစီရင်ခံစာသစ်တစ်ရပ်က ဝေ ဖန်လိုက်ပါတယ်။

ဒီလနှောင်းပိုင်းမှာပြုလုပ်မယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အပြည်ပြည်ဆိုင်ရာ လွှတ်တော်စုံ စမ်းစစ်ဆေးမှုက မြန်မာ့အကျပ်အတည်းအပေါ် ကမ္ဘာ့နိုင်ငံတွေရဲ့တုံ့ပြန်မှုခေါ် အပြီးသတ် အစီရင်ခံစာကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

“ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေရဲ့ တိုက်ပွဲဝင်မှုက ဒီမိုကရေစီနဲ့ တရားမျှတမှုကို ချစ်မြတ်နိုးတဲ့ ပြည်သူတွေအားလုံးရဲ့ တိုက်ပွဲဝင်မှုပဲဖြစ်ပါတယ်” လို့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များ (APHR) က အစီရင်ခံစာအတွင်း ပြောပါတယ်။

“မင်းအောင်လှိုင်က အာဆီယံခေါင်းဆောင်တွေနဲ့အတူ လက်မှတ်ရေးထိုးခဲ့တဲ့ ဘုံသဘောတူညီချက်ကို မထီမဲ့မြင်ပြုခဲ့ပါတယ်။ အာဆီယံအဖွဲ့က စစ်ကောင်စီအပေါ် ဖိအားပေးမယ့် ရပ်တည်ချက်တစ်ရပ် မချမှတ်နိုင်ခဲ့ပါ ဘူး” လို့ မလေးရှား လွှတ်တော်အမတ် ဆန်တီယာဂိုက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အာဆီယံက ဘုံသဘောတူညီချက်ကို စွန့်ပစ်ပြီး မြန်မာ့အကျပ်အတည်း ဖြေရှင်းမယ့်နည်းလမ်းကို အရေး တကြီး ပြန်လည်သုံးသပ်ရပါမယ်” လို့ သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ သဘောတူညီချက်သစ်တစ်ရပ်ရရှိရေး စေ့စပ်ညှိနှိုင်းဖို့လည်း APHR က အာဆီယံကို တောင်းဆိုလိုက်ပါတယ်။

မလေးရှားအပါအဝင် အာဆီယံနိုင်ငံအချို့က မြန်မာစစ်ကောင်စီ တာဝန်ခံစေဖို့ ကြိုးပမ်းခဲ့ပေမယ့် ကမ္ဘော ဒီးယားနဲ့ထိုင်းနိုင်ငံက စစ်ကောင်စီကို ကာကွယ်ပေးနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ကိုးကား – RFA
Ref; Report criticizes ASEAN, international response to Myanmar humanitarian crisis