ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃ ရက်

အာဏာသိမ်းစစ်ကောင်စီက အာဆီယံအဖွဲ့နဲ့ သဘောတူညီချက်တွေကို တိုးတက်အောင်မလုပ်ဆောင် ရင် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ပါဝင်မှုကို ကန့်သတ်မယ့်အစီအစဉ်ကို အာဆီယံခေါင်းဆောင်တွေက ဆွေးနွေးမှာဖြစ်ပါတယ်။

လာမည့်သီတင်းပတ်အတွင်း ကမ္ဘောဒီးယားနိုင်ငံမှာပြုလုပ်မယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ဆွေး နွေးမဲ့အကြံပြုချက်တွေကို NHK သတင်းဌာနက ရရှိခဲ့ပါတယ်။

သတ်မှတ်ချိန်အတွင်း အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဆောင်မယ့် အစီ အစဉ်တစ်ရပ်ကို အာဆီယံခေါင်းဆောင်တွေက စဉ်းစားနိုင်တယ်လို့ ဆိုပါတယ်။

သဘောတူညီချက်တွေ ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိပါက အာဆီယံအစည်းအဝေးတွေနဲ့ ဝန်ကြီးအ ဆင့် အစည်းအဝေးတွေမှာ နိုင်ငံရေးကိုယ်စားပြုသူမဟုတ်တဲ့အဆင့်ထိ ကန့်သတ်သင့်တယ်လို့ အကြံပြုချက်တွေ က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပြီးနောက် မြန်မာစစ်ခေါင်းဆောင်နဲ့ အာဆီယံခေါင်းဆောင်တွေက အ ကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ပါဝင်တဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို သဘောတူခဲ့ပါတယ်။

အာဆီယံက ဘုံသဘောတူညီချက်ကို လေးစားဖို့ စစ်ကောင်စီကို ထပ်တလဲလဲ တိုက်တွန်းခဲ့ပေမယ့် စစ် ကောင်စီက ဖော်ဆောင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ စစ်ကောင်စီက ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့တွေကို ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။

အာဆီယံအဖွဲ့က မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် အရေးယူခြင်းရှိ မရှိ လေ့လာသူတွေက ဆက်လက် စောင့်ကြည့်နေပါတယ်။

ကိုးကား – NHK
Ref; ASEAN to consider further limiting Myanmar’s participation in meetings