ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဒရုန်းနဲ့ နေ့ရော ညပါ ကင်းထောက်လှမ်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက စစ်အုပ်စုထောက်တိုင်တွေနဲ့ စစ်အုပ်စုလက်အောက်ခံဌာနဆိုင်ရာ တာဝန်ယူထားသူတွေကို တိုက်ခိုက်လာပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ခုလိုမျိုး ဒရုန်းတွေ အသုံးပြုပြီး ကင်းထောက်လှမ်းတာတွေပြုလုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
“ နေ့ခင်းဘက်ဆိုရင်တော့ သိပ်မတွေ့ရဘူး ၁ ကြိမ် ၂ ကြိမ်လောက်ပဲ ညဘက်တော့ ၁၀ ကျော်ရင် တွေ့ရပြီ မီးစိမ်းရောင်လေး ပွင့်ပွင့်သွားတော့ သေချာသိရတယ် နေ့ခင်းဘက်တော့ သိပ်မတွေ့ရဘူး”လို့ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ဒရုန်းအသုံးပြုပြီး ကင်းထောက်လှမ်းတာတွေကို ညမထွက်ရအမိန့် ကျော်ချိန်မှာ မြို့ပေါ်ရပ်ကွက်တွေကို ထောက်လှမ်းအသုံးပြုလေ့ရှိတယ်လို့ ဆိုပါတယ်။
ခုလိုမျိုး ဒရုန်းတွေအသုံးပြုပြီး ကင်းထောက်လှမ်းတာဟာ နေ့ခင်းဘက်မှာ မြို့လူစည်းကားတဲ့ နေရာတွေမှာပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်နေတာကြောင့် ညပိုင်း အင်အားလျော့ချတဲ့အနေနဲ့ ဒရုန်း အသုံးပြုပြီး ထောက်လှမ်းတာမျိုးဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက သုံးသပ်ပြောဆိုပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ပုသိမ် #စစ်ကောင်စီ #ဒရုန်း #ထောက်လှမ်း
#Ayeyarwaddy_Times