ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃ ရက်

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်အတွင်း နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန်တွင် သံဖြူဇရပ်-ရေးကားလမ်းပေါ်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်များ နေရာ ၂ ခုမှ ကိုခြုံခိုတိုက်ခိုက်ခဲ့သဖြင့် ၉ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက် ကျားတပ်ဖွဲ့က ယမန်နေ့တွင်သတင်းထုတ် ပြန် သည်။

သံဖြူဇရပ်-ရေးလမ်းမပေါ်ရှိ ဝဲခမိရွာနှင့် ရွာသာအေးရွာကြားအရောက်တွင် ‌ကားပေါ်မှဆင်းပြီး ခြေလျင်စစ် ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်များအား ခြုံခိုပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင်စစ်ကောင်စီတပ်၏ စစ်ကား ၆ စီးပါ ယာဉ်တန်းသည် အဆိုပါနေ့ ည (၇)နာရီအချိန် သံဖြူဇရပ်မြို့ မှ ရေးမြို့ဘက်သို့ ဖြတ်သန်းသွား လာစဉ် ရွာသာအေးရွာ အရောက်တွင် ထပ်မံ ခြေလျင်စစ်ကြောင်းထိုးလာရာ တောင်ညိုပြောက်ကျားတပ်ဖွဲ့မှ ထပ်မံ တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂.ဦး ဒဏ်ရာရရှိခဲ့သည်ဟု တောင်ညိုပြောက်ကျားတပ်ဖွဲ့ကဆိုသည်။

ရေး-သံဖြူဇရပ်လမ်းပိုင်း အဆိုပါမြို့နယ်အတွင်းနေရာများတွင် စစ်ကောင်စီတပ်များ၏ယာဥ်တန်းများအား ဒေသကာကွယ်ရေးတပ်ဖွဲ့များမှမကြာခဏဆိုသလိုပစ် ခတ်တိုက်ခိုက်မှုများလုပ်ဆောင်နေပြီး ထိပ်တိုက်ထိတွေတိုက်ပွဲများလည်းဖြစ်ပွားကာ စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးနေကြောင်း ဒေသခံများထံကသိရသည်။
#Ayeyarwaddy_Times