ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်
မြောက်ကိုရီးယားနိုင်ငံရဲ့ ရန်စမှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယား ဂျက်တိုက်လေယာဉ် တွေက ယနေ့ နှစ်နိုင်ငံကြား နယ်စပ်ဖြစ်တဲ့ မြောက်ပိုင်းကန့်သတ်မျဉ်း (NLL) ရဲ့မြောက်ဘက် ပင်လယ်ပြင်အ တွင်းသို့ ဝေဟင်-မြေပြင်ခွင်းဒုံးကျည်သုံးစင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
မြောက်ကိုရီးယားက မြောက်ပိုင်းကန့်သတ်မျဉ်း (NLL) တစ်လျောက် တာတိုပဲ့ထိန်းဒုံးကျည်တွေ ပစ်ခတ် ပြီး နာရီအနည်းငယ်အကြာမှာ တောင်ကိုရီးယားလေတပ်မှ F-15K နဲ့ KF-16 ဂျက်တိုက်လေယာဉ်တွေက ပဲ့ထိန်း ဝေဟင်-မြေပြင်ခွင်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဉီးစီးချုပ်တွေက ပြောပါတယ်။
မြောက်ကိုရီးယား ဒုံးကျည်တွေကျရောက်ခဲ့တဲ့ မြောက်ပိုင်းကန့်သတ်မျဉ်း (NLL) မြောက်ဘက်မှာ တောင်ကိုရီးယားဒုံးကျည်တေွ ကျရောက်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဉီးစီးချုပ်ရုံးက ထုတ်ပြန်ချက်တစ် ခုအတွင်း ပြောပါတယ်။
“မြောက်ကိုရီးယားရဲ့ ဘယ်လို ရန်စမှုတွေကိုမဆို ကျွန်တော်တို့ လက်တုံ့ပြန်မှာဖြစ်ပြီး အခုလို ပစ်ခတ် တာဟာ ရန်သူကို တိကျစွာ တိုက်ခိုက်နိုင်စွမ်းရှိတယ်ဆိုတာ ပြသတာဖြစ်ပါတယ်” လို့ တောင်ကိုရီးယား ပူးတွဲစစ် ဉီးစီးချုပ်တွေက ပြောပါတယ်။
ဒီကနေ့အစောပိုင်းမှာ မြောက်ကိုရီးယားက တာတိုပဲ့ထိန်းဒုံးကျည်သုံးစင်း အပါအဝင် ဒုံးကျည်အမျိုးမျိုး ဆယ်စင်းကျော်ကို အနောက်ဘက်နဲ့ အရှေ့ဘက်ကမ်းရိုးတန်းတွေဘက်သို့ ပစ်ခတ်ခဲ့ပါတယ်။
မြောက်ကိုရီးယားက ပစ်ခတ်တဲ့ တာတိုပဲ့ထိန်းဒုံးကျည်တစ်စင်းက မြောက်ပိုင်းကန့်သတ်မျဉ်း (NLL) ရဲ့ တောင်ဘက် ၂၆ ကီလိုမီတာအကွာ အရှေ့ပင်လယ်အတွင်း ကျရောက်ခဲ့ရာ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲ ပြီးဆုံး ချိန်နောက်ပိုင်း မြောက်ကိုရီးယားရဲ့ အဆိုပါဒေသသို့ ပထမဆုံး ဒုံးကျည်ပစ်လွှတ်မှု ဖြစ်လာခဲ့ပါတယ်။
ကိုးကား – Yonhap
Ref; S. Korean fighter jets fire 3 air-to-surface missiles into waters north of NLL over N.K. provocations