ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ အောက်တိုဘာလ ၂၈ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်း ရဲ့နေအိမ် ချိပ်ပိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းရဲ့ နေအိမ်ကို ညနေပိုင်းမှာ စစ်ကောင်စီတပ်သား အင်အားအများ အပြားနဲ့ရောက်လာပြီး ပစ္စည်းတွေကိုဖယ်ခိုင်းကာ ချိပ်ပိတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“လာတာတော့ အင်အားတော်တော်များများ ကိုအေးမင်းရဲ့ အစ်မကို ဖယ်ခိုင်းပြီးတော့ ပစ္စည်းတွေ ရွှေ့ခိုင်းတယ် ပြီးတော့ချိပ်ပိတ်သွားတာ ဆဲတာမျိုးတော့မရှိဘူး”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဘက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မြို့နယ်အလိုက် ပါတီတာဝန်ရှိသူတွေရဲ့ နေအိမ်တွေကို လိုက်လံချိပ်ပိတ်နေတာကြောင့် သိပ်တော့ မထူးဆန်းတော့ဘူးလို့ ဆိုပါတယ်။
ဟင်္သာတမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း PDF တွေနဲ့ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၀ လုံးကျော်လောက်ချိပ်ပိတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#ဟင်္သာတမြို့ #တိုင်းလွှတ်တော်ကိုယ်စားလှယ် #နေအိမ် #ချိပ်ပိတ်ခံရ
#Ayeyarwaddy_Times