ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်
အီရန်နိုင်ငံက ရုရှားသို့ ဒုံးကျည်အစင်း ၁၀၀၀ နဲ့ မောင်းသူမဲ့လေယာဉ်တွေ ပေးပို့ဖို့ စီစဉ်နေပြီး အဲဒီ စစ် လက်နက်တွေက ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ ရုရှားအတွက် သိသိသာသာ အထောက်အကူဖြစ်စေမယ်လို့ သိရပါ တယ်။
အီရန်နိုင်ငံက ထောက်ပံ့တဲ့ တာတိုပဲ့ထိန်းဒုံးကျည်တွေနဲ့ ကာမီကာဇေဒရုန်းတွေကို ရုရှားနိုင်ငံက မကြာ မီ ရရှိမယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
မြေပြင်-မြေပြင်ခွင်းဒုံးကျည်တွေ အပါအဝင် အီရန်နိုင်ငံရဲ့ ရုရှားသို့ စစ်လက်နက်ထောက်ပံ့မှုတွေကို အ နောက်နိုင်ငံများမှ ထောက်လှမ်းရေးတပ်ဖွဲ့တွေက အနီးကပ် စောင့်ကြည့်နေပါတယ်။
“အီရန်နိုင်ငံက တာတိုပဲ့ထိန်းဒုံးကျည်တွေ ပမာဏများစွာ ထုတ်လုပ်ခဲ့ပြီး အဲဒီနည်းပညာကို ယီမင်နိုင်ငံ က ဟူသီသူပုန်အဖွဲ့ထံ ထောက်ပံ့ခဲ့ပါတယ်။ ဟူသီအဖွဲ့က အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်ရာမှာ အဲဒီနည်း ပညာကို အသုံးပြုခဲ့ပါတယ်” လို့ နိုင်ငံရေးလေ့လာသူ ဆမ်ခရန်နီအီဗန်စ်က ပြောပါတယ်။
အီရန်နိုင်ငံက ထောက်ပံ့ပေးတဲ့ ဒုံးကျည်တွေက လာမယ့်လတွေအတွင်း ယူကရိန်းနိုင်ငံက အရပ်သားပစ် မှတ်တွေကို တိုက်ခိုက်ရာမှာ ရုရှားတပ်ဖွဲ့တွေအတွက် အထောက်အပံ့ဖြစ်စေမယ်လို့ သူက ဆိုပါတယ်။
အီရန်က ရုရှားသို့ ရှာဟတ်ဒရုန်း အစင်း ၄၅၀ ပေးပို့ခဲ့ပြီး ရုရှားက အဲဒီဒရုန်းတွေကို အရပ်သားတွေနဲ့ ယူ ကရိန်းနိုင်ငံရဲ့ လျှပ်စစ်ကွန်ရက်ကိုဖျက်ဆီးရာမှာ အသုံးပြုခဲ့ပါတယ်။
ရှာဟတ်ဒရုန်းဟာ ကီလိုဂရမ် ၄၀ ရှိတဲ့ ထိပ်ဖူးတစ်ခုကို သယ်ဆောင်ကာ ကီလိုမီတာ ၂၀၀၀ အထိ ပျံ သန်းနိုင်ပါတယ်။ ပျံသန်းမှုနှေးကွေးတဲ့ ရှာဟတ်ဒရုန်း အစင်း ၃၀၀ ကျော်ကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ် က ပြောပါတယ်။
ကိုးကား – The National News
Ref; Iran preparing 1,000 missiles and drones for shipment to Russia