ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃ ရက်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို ဇူလိုင် ၂ ရက် ယမန်နေ့မနက်အစောပိုင်းက KNU တပ်မဟာ ၃ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA ကတိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဘက်ကသတင်းထုတ်ပြန်သည်။

မုန်းဒေသအတွင်းက စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ကြောင်ပြာစခန်း၊ အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း ၊ ကော့ပြင်းစခန်း နှင့် ကျောင်းစုစခန်းတို့ကို တပြိုင် နက်တည်း တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေစိုးမိုးရေးလုပ် ဆောင်ခဲ့သည်ဟု KNU ကဆိုသည်။

အဆိုပါတိုက်ပွဲများအတွင်းကြောင်ပြာစခန်းမှ စစ်ကောင် စီတပ်ရင်းမှူးအပါ စစ်ကောင်စီတပ်သားတွေသေဆုံးပြီး စစ်တပ်ဖွဲ့စည်းထားသည့် ပြည်သူ့စစ်(ပျူစောထီး) ၄ ဦးသေဆုံးခဲ့ကာ လက်နက်ခဲယမ်း(စိစစ်ဆဲ)အများအပြားသိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

တပ်စခန်းများလက်လွှတ်လိုက်ရပြီး ထိခိုက်ကျဆုံးများခဲ့သည့် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် ဒေသခံ ၄ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအချို့လည်း ရှိကြောင်း KNU သတင်းတွင်ဖော်ပြသည်။

ဓာတ်ပုံ – KNU