ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်
မြန်မာ့အရေးဟာ ဖြေရှင်းဖို့ ဆယ်စုနှစ်ချီ ကြာမြင့်နိုင်သလို အာဆီယံအဖွဲ့ရဲ့ အနာဂတ်ရင်ဆိုင်နိုင်စွမ်းကို စိန်ခေါ်နေတယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ခရစ်ရှနန်က ပြောကြားလိုက်ပါတယ်။
“အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ်အစည်းအဝေးက ခက်ခဲသောဆွေးနွေးမှုတစ်ခု ဖြစ်ပါ တယ်။ ကျွန်တော်တို့ ဘာတွေဆက်လုပ်မယ်ဆိုတာ စဉ်းစားနေဆဲဖြစ်ပါတယ်” လို့ ISEAS Yusof Ishak Institute မှာပြုလုပ်တဲ့ ဖိုရမ်တစ်ခုမှာ သူက အခုလို ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ ဉီးစားပေးလုပ်ငန်းကတော့ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို လျှော့ပါးစေဖို့ဖြစ်ပါ တယ်” လို့ သူက ဆိုပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်မှာ နိုဝင်ဘာလ ၁၁ ရက်မှာပြုလုပ်မယ့် အာဆီယံ ထိပ်သီးဆွေး နွေးပွဲအတွင်း အရေးပါသော ဆုံးဖြတ်ချက်တွေ ချမှတ်မယ်လို့ မျှော်မှန်းရပါတယ်။
“အာဆီယံအဖွဲ့အနေနဲ့ ခက်ခဲသော ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ အချိန်တန်ပါပြီ။ လာမယ့်သီတင်းနှစ်ပတ် အတွင်း ဘာတွေဖြစ်မလဲဆိုတာ စောင့်ကြည့်ရအောင်” လို့ ဗီဗီယန်ခရစ်ရှနန်က ပြောပါတယ်။
လက်နက်ကိုင်ပဋိပက္ခတစ်ရပ် ဖြစ်စေကာ ပြည်သူတစ်သန်းကျော် အိုးအိမ်စွန့်ခွာစေခဲ့ရတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေ ရောက်ရှိလာခဲ့တာပါ။
အာဆီယံဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ဖို့ပျက်ကွက်တာကြောင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့ကို အာဆီယံအစည်းအဝေးတွေမှာ တက် ရောက်ခွင့်မပြုခဲ့ပါဘူး။
“မြန်မာ့သမိုင်းကိုကြည့်မယ်ဆိုရင် မြန်မာစစ်တပ်ဟာ အထီးကျန်ဆန်မှုကို သည်းညည်းခံနိုင်ခဲ့တာ တွေ့ရ ပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။

Ref; Myanmar crisis poses challenge for Asean’s ability to confront future: Vivian