ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်

ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ စက်လှေနဲ့ သင်္ဘောတွေကို အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက ဆေးအရောင်တွေသတ်မှတ်ပြီး ခွဲခြားကာ ဆေးသုပ်ခိုင်းတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

မြို့နယ်အလိုက်အရောင်ခွဲခြားပြီး ဆေးသုပ်ခိုင်းနေတာဖြစ်ပြီး ပန်းတနော်မြို့မှာ အစိမ်းရောင်၊ မအူပင်မြို့မှာ အဝါရောင်နဲ့ ကျိုက်လတ်မြို့မှာ အပြာရောင် စတဲ့ဆေးရောင်တွေကို မြို့နယ်အလိုက် ခွဲခြား သုပ်ခိုင်းတာလို့ ကျိုက်လတ်မြို့ခံတွေက ပြောပါတယ်။

“ ဧရာဝတီတိုင်းထဲက အခြားမြို့နယ်တွေကိုလည်း မြို့နယ်အလိုက်ဆေးအရောင်ပြောင်းပြီး သုပ်ခိုင်း တယ်ကြားတယ်၊ ထုံးစံအတိုင်း စစ်ကောင်စီက ဗေဒင် ယတြာချေတာပဲဖြစ်မှာပေါ့”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံရဲတွေက တော်လှန်ရေးအင်အားစုတွေကို ဖမ်းဆီးဖို့အတွက် နေ့စဉ်ဆိုသလို ကုန်လမ်းမှာရော ရေကြောင်းမှာပါ ပိတ်ဆို့ရှာဖွေတာတွေပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ခုလိုမျိုး မြို့နယ်တိုင်းမှာရှိတဲ့ စက်လှေတွေကို ဆေးသုပ်ခိုင်းတာဟာ စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံရဲတွေ ငွေတောင်းလွယ်အောင်ပြုလုပ်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်း တွေက သုံးသပ်ပြောဆိုပါတယ်။

#ဧရာဝတီ #စက်လှေ #သင်္ဘော #ဆေးသုတ်
#Ayeyarwaddy_Times