ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်

နိုဝင်ဘာလအတွင်းပြုလုပ်မယ့် အာရှ ထိပ်သီးဆွေးနွေးပွဲတက်ရောက်မဲ့ အစိုးရတွေက မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး အလွဲသုံးစားမှုတွေကို ဖြေရှင်းပေမယ့် ပိုမိုပြင်းထန်သော ဒဏ်ခတ်အရေးယူမှုတွေနဲ့ အခြားအစီ အမံတွေကို ထောက်ခံသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ယနေ့ ပြောကြားလိုက်ပါ တယ်။

ကမ္ဘာ့နိုင်ငံအစိုးရတွေက မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားငွေရပေါက်ကို ဖြတ်တောက်ကာ စစ်လက်နက်နဲ့ လေယာဉ်ဆီတင်သွင်းမှုအပေါ် ပိတ်ပင်ဖို့ သဘောတူသင့်တယ်လို့ HRW က ဆိုပါတယ်။

“အာဆီယံနဲ့ အခြားနိုင်ငံတွေက ဘေးရှောင်ထွက်နေစဉ် မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေပါတယ်။ စစ်ကောင်စီကို ရှုတ်ချနေယုံနဲ့ မလုံလောက်ဘဲ ဒီမိုကရေစီပြန်လည်ရရှိရေး ရပ်တည်ချက် ပြောင်းလဲမယ်လို့ မျှော်လင့်ပါတယ်။ စစ်ကောင်စီအတွက် ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လိုအပ်ပါတယ်” လို့ HRW အာရှဆိုင်ရာ ညွှန်ကြားရေးမှူး အဲလိန်းပီးယားဆင်က ပြောပါတယ်။
အလွန်အကျွံသတ်ဖြတ်တာ၊ နှိပ်စက်တာနဲ့ မှားယွင်းပြီး ထောင်ချတာလိုမျိုးတွေ အပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီရဲ့ စနစ်တကျ အလွဲသုံးစားမှုတွေက လူသားမဆန်သော ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေမြောက်တယ်လို့ HRW က ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီ အာဏာပိုင်တွေက လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ အသင်းအပင်းဖွဲ့ စည်းခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ကိုလည်း ပြင်းထန်စွာ ဖြိုခွင်းခဲ့တယ်လို့ HRW က ပြောပါတယ်။

“နိုင်ငံတကာရဲ့ ပြင်းထန်သော အရေးယူမှုတွေ မပြုလုပ်သရွေ့ မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်အရေး မှုတွေက ထိရောက်တယ်လို့ ပြောလို့မရဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်ဖို့ သုံးစွဲနေတဲ့ ငွေကြေး အားလုံး အာဏာသိမ်းစစ်ကောင်စီထံ မရောက်ရှိရေး သက်ဆိုင်ရာအစိုးရတွေက ဖြတ်တောက်ဖို့ လိုအပ်ပါတယ်” လို့ ပီယာဆင်က ပြောပါတယ်။

ကိုးကား – hrw.org
Ref; ASEAN: Act to Stop Myanmar Military Abuses