
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၁ ရက်
ဆိုမာလီယာနိုင်ငံရဲ့မြို့တော် မိုဂါဒစ်ရှူးမြို့မှာ ကားဖြင့် ဗုံးခွဲတိုက်ခိုက်မှုနှစ်ကြိမ်ကြောင့် လူ ၁၀၀ ထက်မ နည်း သေဆုံးကာ ၃၀၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုတွေကို အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ အယ်လ်ရှာဘတ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ ဆိုမာလီ ယာအစိုးရက ယူဆနေပါတယ်။
ပြီးခဲ့တဲ့ စနေနေ့နေ့လည်ပိုင်းက ပညာရေးဝန်ကြီးဌာနရှေ့မှာ ရပ်ထားတဲ့ကားတစ်စင်း ပေါက်ကွဲမှုဖြစ် ပွားခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကို ကယ်ဆယ်ဖို့ ဗုံးပေါက်ကွဲရာနေရာမှာ လူတွေစုဝေးနေစဉ် နောက်ထပ်ဗုံးတစ် လုံး ထပ်မံပေါက်ကွဲခဲ့ပါတယ်။
အယ်လ်ရှာဘတ်အဖွဲ့က အစိုးရရုံးအဆောက်အအုံတွေ၊ ဟိုတယ်တွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပါတယ်။
မိုဂါဒစ်ရှူးမြို့တော်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး အစီအမံတွေ အရှိန်မြှင့်လုပ်ဆောင်ရေး ဆွေးနွေးဖို့ ဆိုမာလီယာသမ္မတနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေက အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
မကြာသေးမီနှစ်တွေအတွင်း ဆိုမာလီယာနိုင်ငံမှာ လုံခြုံရေးအခြေအနေက ဆိုးရွားလာခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်။
၂၀၁၇ ခုနှစ်ကလည်း အဆိုပါပညာရေးဝန်ကြီးဌာနမှာ ထရပ်ကားတစ်စင်းပေါ် ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ကာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့တာကြောင့် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ကိုးကား – NHK
Ref; Somalia car bombings kill 100