ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၁ ရက်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်းက ထော်လာဂျီ (ဒိန်းဒေါင်း) ၂ စီး တိုက်မိပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ကင်း”တည်းခိုခန်းရှေ့နားမှာ ထော်လာဂျီ (ဒိန်းဒေါင်း) ၂ စီးမျက်နှာချင်းဆိုင်တိုက်မိခဲ့တာဖြစ်ပြီး ၂ ဦးဒဏ်ရာတွေရရှိခဲ့ ပေမယ့် မစိုးရိမ်ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ လမ်းကျဉ်းတာလည်း ပါမယ်ဗျ ခဏခဏဖြစ်တယ် အဲ့လိုပဲ ဆိုင်ကယ်တွေတော့အဖြစ်များတယ် မနေ့ညက ဖြစ်တဲ့သူတွေကတော့ သိမ်းမပြင်းထန်လို့ နည်းနည်းတော်သေးတယ်”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ထော်လာဂျီ (ဒိန်းဒေါင်း) ၂ စီး တိုက်မိမှုကြောင့် ဒဏ်ရာရရှိတဲ့သူတွေကို မြောင်းမြမြို့ အေးမြဖြူစင် သွေးလှူရှင်အသင်း က အရေးပေါ်ကားတွေနဲ့ မြောင်းမြဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

မြောင်းမြမြို့မှာ မကြာခဏဆိုသလို အဝေးပြေးလမ်းမကြီးကြီးမှာ ယာဉ်တိုက်မှုတွေဖြစ်ပေါ်နေပြီး မြောင်းမြကနေ လပွတ္တာသွားတဲ့ ကားလမ်းမှာ မတော်တဆမှုတွေအဖြစ်ပိုများတယ်လို့ ဒေသခံတွေက ပြောပါတယ်။