
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၀ ရက်
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က ခရိုင်တစ်ခုဖြစ်တဲ့ အိုင်တေးဝန်မြို့မှာ မနေ့ညပိုင်းက ဟော်လို ဝင်းပွဲတော်တစ်ခုအတွင်း လူအုပ်ပြိုမှုဖြစ်ပွားရာ လူ ၁၄၆ ဉီးထက်မနည်း သေဆုံးခဲ့ပြီး ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ယနေ့ ပြောကြားလိုက်ပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သံသယရှိသူ ၅၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး ဒဏ်ရာရရှိသူတွေကို ကယ်ဆယ်ဖို့ အ ခင်းဖြစ်ရာနေရာသို့ လူနာတင်ယာဉ် ၁၄၀ ကျော် စေလွှတ်ခဲ့တယ်လို့ ဒေသန္တရမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အဆိုပါခရိုင်အတွင်းရှိ ဟိုတယ်တစ်လုံးနဲ့ကပ်လျက် လူအုပ်ပြိုမှုဖြစ်ပွားခဲ့တယ်လို့ ယူဆရပါတယ်။ အိုင် တေးဝန်ခရိုင်မှာ ဟော်လိုဝင်းပွဲတော်များစွာ ကျင်းပခဲ့ပြီး လူပေါင်းတစ်သိန်းလောက် ပါဝင်ဆင်နွှဲခဲ့တယ်လို့ ရဲတပ် ဖွဲ့က ပြောပါတယ်။
လူအုပ်ပြိုမှုဖြစ်ပွားပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယိုက အရေးပေါ် အစည်းအဝေးတစ် ရပ် ပြုလုပ်ခဲ့ပြီး ဒဏ်ရာရရှိသူတွေအတွက် ကုတင်အလုံအလောက်ရရှိဖို့၊ စီမံခန့်ခွဲရေးဌာနချုပ် တည်ထောင်ဖို့၊ ဖြစ် စဉ်ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ကယ်ဆယ်ရေးလုပ်သားတွေက ဒဏ်ရာရရှိသူတွေကို ဆိုးလ်မြို့တော်ရှိ ဆေးရုံများသို့ ဆက်လက်ပို့ ဆောင်နေတာကြောင့် သေဆုံးသူဉီးရေ မြင့်တက်လာနိုင်တယ်လို့ မီးသတ်ဌာန အကြီးအကဲ ချွိုင်ဆောင်ဘင်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အသက်ရှူကျပ်တဲ့ ရောဂါခံစားရသူတွေထံမှ ဖုန်းခေါ်ဆိုမှု ၈၁ ကြိမ် ရရှိခဲ့တယ်လို့ အရေးပေါ် ကယ်ဆယ် ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုးကား – South Korean News
Ref; 146 killed, 150 injured in stampede in Seoul