
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၀ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့ ညပိုင်းက ဗုံးခွဲခံရမှာကြောက်လို့ CCTV တပ်ဆင်ထားတဲ့ စည်ပင်ဥက္ကဌ နေအိမ်ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ည ၈ နာရီလောက်မှာ စည်ပင်ဥက္ကဌ ဦးစိုးပိုင်နေအိမ်ကို ည ၈ နာရီလောက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
” နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဒုတိယအကြိမ်လုပ်တာ စည်ပင်လူကြီးအိမ်ကို ဗုံးခွဲတိုက်ခိုက်တာ အဓိကတော့ လုပ်ပိုင်ခွင့်ထက်ကျော်လွန်ပြီး ပြည်သူတွေကို ဖိနှိပ်နေလို့ လုပ်တာ”လို့ ပုသိမ်မြိို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စည်ပင်ဥက္ကဌ ဦးစိုးပိုင်ဆိုသူဟာ အခွန်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာ လုပ်ပိုင်ခွင့်ထက်ကျော်လွန်ပြီး စျေးဆိုင်တွေကိုအခွန်ကောက်တာ စိတ်မထင်ရင် တရားစွဲဆိုတာတွေကြောင့် ဖောက်ခွဲတိုက်ခိုက်တာလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း လမ်းတွေပိတ်ကာစစ်ဆေးတာတွေ ပြုလုပ်ခဲ့သလို လူနာတင်ယာဥ်လည်းရောက်လာတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။