ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၉ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က အလွတ်တန်းသတင်းထောက် ၁ ဦးဖြစ်တဲ့ ကိုဇော်ဝင်းမောင်ဟာ စစ်ကောင်စီက မတရားဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာလ ၂၈ ရက်နေ့က ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စုမှာ ၂၀၂၁ ခုနှစ် မေလပိုင်းက ညသပိတ်သတင်းယူရင် ဖမ်းဆီးခံရတဲ့ အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင်ဟာ ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် ၁ နှစ်နဲ့ ၇ လကျခံရပြီး ရက်ပြည့်လို့ ပြန်လွတ်မြောက်လာတာဖြစ်တယ်လို့ ပြောပါတယ်။

“ ရက်ပြည့်လို့ပြန်လွတ်လာတာပါ၊ ကျန်းမာရေးလည်းကောင်းပါတယ် သီးခြားတော့ပြောစရာမရှိသေးပါဘူး” လို့ အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင်က ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့က ဖားကန့်မြို့နယ်၊ မဇွပ်ယန်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက် သူတွေထဲမှာ အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင် အပြင် ကိုမျိုးဦးဆိုသူလည်း ပါဝင်လာတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်က အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးပြန်လည်း လွတ်မြောက်လာသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်အကျဉ်းထောင်မှာ လက်ရှိချိန်ထိ ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးခံထားရသူ ၁၅ ဦးကျော်ကျန်ရှိ နေသေးတယ်လို့ သိရပါတယ်။