ဧရာဝတီတိုင်းမ်
မေလ ၃၀ ရက်
အာဏာသိမ်း စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းမှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး လူနေကျေးရွာ အမြောက်အမြားကို မီးရှို့ဖျက်ဆီး လုယက်တာတွေကိုလည်း အကြီးအကျယ်လုပ်ဆောင်နေပါတယ်။ စစ်တပ်ရဲ့ ထိုးစစ်ဆင် လုယက်ဖျက်ဆီးမှုတွေကြောင့် ဒေသခံတွေ ထိခိုက်မှုအခြေအနေနဲ့ ဒေသတွင်း စစ်ရေးအခြေအနေ တွေကို ဧရာဝတီတိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဆလိုင်းသန့်စင်က ယင်းမာပင်မြို့နယ်အခြေစိုက် ဒေါင်းလုလင် PDF အဖွဲ့ တာဝန်ခံ (၁) ဗိုလ်ဂျိုးသိန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
တည်းဖြတ် – အဲမလီ