
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၉ ရက်
ဧရာဝတီတိုင်းအတွင်း၊ ပုသိမ်မြို့တွင် လျှပ်စစ်မီး မကြာခဏပြတ်တောက်နေတာကြောင့် ဒေသခံ ပြည်သူတွေ အနေနဲ့ အလုပ်အကိုင်အဆင်မပြေမှုတွေများလာပြီးနောက်ပိုင်း မီးတာရုံးကို ဗုံးခွဲဖို့အတွက် တောင်းဆိုမှုတွေ ရှိလာတယ်လို့ သိရပါတယ်။
မီးပုံမှန်မလာလို့ မီတာခမပေးဆောင်ရင်လည်း မီတာတွေလိုက်ဖြုတ်သိမ်းတာတွေရှိသလို မီတာခမှာလည်း မီးမလာပေမယ့် ပုံမှန်အတိုင်းပေးဆောင်နေရတာကြောင့် ခုလိုမျိုး တောင်းဆိုရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ မီးကမလာတော့ လုယက်မှုတွေများလာတယ် မီးမလာပေမယ့် မီတာခတော့ မလျော့ဘူး မဆောင်ရင်လည်း မီတာလာဖြုတ်ခံရတယ် အဲ့တော့ သုံးလို့မရဘဲ ပိုက်ဆံကုန်နေမယ့်အစား ဗုံးကွဲသွားတာပိုကောင်းမယ်”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်မြို့မှာလည်း လျှပ်စစ်မီးပုံမှန်မလာတာကြောင့် ညပိုင်းတွေမှာ လုယက်ခံရမှုတွေမကြာခဏ ဖြစ်ပွားနေတာကြောင့် ခုလိုမျိုး လျှပ်စစ်ရုံးကို ဗုံးခွဲပေးစေချင်တာလို့ ဆိုပါတယ်။
ဒေသခံတွေ ဗုံးခွဲပေးဖို့ တောင်းဆိုနေတဲ့ လျှပ်စစ်ရုံးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မီတာခတွေ ဖိအားပေး ကောက်ခံမှုတွေကြောင့် ဗုံး ၁ ကြိမ်အခွဲခံထားရတဲ့ ရုံးလည်းဖြစ်တယ်လို့ သိရပါတယ်။