
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၅ ရက်
ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က တတိယမြောက် ရုရှား တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စင်းကို အောက်တိုဘာလ ၂၄ ရက်က ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းလေတပ်ဖွဲ့လက်အောက်ရှိ ခါဆင်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာလ ၂၄ ရက် ည ၉ နာရီခွဲဝန်းကျင်မှာ ရုရှားတိုက်ခိုက်ရေးရဟတ်ယာဉ် Ka-52 တစ်စင်းကို ပစ်ချခဲ့ပါတယ်။
ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က မနေ့ကလည်း ခါဆင်အိုဘလက်ဒေသမှာ ရုရှားတပ်ဖွဲ့ ရဲ့ Ka-52 Alligator ရဟတ်ယာဉ်နှစ်စင်းကို ပစ်ချနိုင်ခဲ့တာကြောင့် နှစ်ရက်အတွင်း ရဟတ်ယာဉ်သုံးစင်းအထိ ပစ်ချနိုင်ခဲ့ပြီဖြစ်ပါတယ်။
ယူကရိန်းတပ်ဖွဲ့က စက်တင်ဘာလ ၂၄ ရက်ကလည်း ရုရှားဂျက်တိုက်လေယာဉ်လေးစင်းကို ပစ်ချနိုင်ခဲ့ပါ သေးတယ်။ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ယူကရိန်းတပ်ဖွဲ့က ရုရှားဒရုန်း ၁၁၂ စင်းကို ပစ်ချနိုင်ခဲ့ပြီလို့ သိရပါတယ်။
အနောက်နိုင်ငံတွေက လက်နက်ထောက်ပံ့ပေးထားတဲ့ ယူကရိန်းတပ်ဖွဲ့တွေရဲ့ တန်ပြန်ထိုးစစ်ဆင်မှု ကြောင့် ရုရှားတပ်ဖွဲ့တွေ အထိနာနေပြီး ထိန်းချုပ်ထားတဲ့ နယ်မြေအချို့ ပြန်လည်ဆုံးရှုံးခဲ့ရပါတယ်။
ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ရုရှားဂျက် တိုက်လေယာဉ်နဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် ၅၅ စင်းထက်မနည်းကို ပစ်ချနိုင်ခဲ့ပြီလို့ မကြာသေးမီက အမေရိ ကန် ဗိုလ်ချုပ်ကြီးတစ်ဉီးက ပြောကြားခဲ့ပါတယ်။
ကိုးကား – Pravda
Ref; Ukrainian air defence shoots down 3 Russian Ka-52 helicopters today in Kherson Oblast