
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၄ ရက်
ဆိုက်ဘေးရီးယားဒေသ Irkutsk မြို့တော်ရှိ လူနေအဆောက်အအုံတစ်လုံးပေါ်သို့ ရုရှားစစ်လေယာဉ်တစ် စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူး ၂ ဦး စလုံး သေဆုံးသွားခဲ့ပြီး ခြောက်ရက်အတွင်း လူနေဧရိယာတစ်ခုမှာ လူသေ ဆုံးမှုရှိတဲ့ ဒုတိယမြောက် ဆူခွိုင်းဂျက်တိုက်လေယာဉ် ပျက်ကျမှုဖြစ်လာခဲ့ပါတယ်။
မိသားစုနှစ်စု နေထိုင်ရာ နှစ်ထပ်အဆောက်အအုံတစ်လုံးပေါ် Su-30 ဂျက်တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး မြေပြင်မှာ လူသေဆုံးမှုမရှိဘူးလို့ Irkutsk အုပ်ချုပ်ရေးမှူး အိုင်ဂေါ်ကော့ဇက်ဗ်က ပြောပါတယ်။
လူဉီးရေ ၆၀၀၀၀၀ ကျော်နေထိုင်ရာ ဆိုက်ဘေးရီးယားအရှေ့ပိုင်းရှိ အရေးပါသော စက်မှုလုပ်ငန်းတွေရှိ ရာ Irkutsk မြို့ဟာ Su-30 ဂျက်တိုက်လေယာဉ်တွေထုတ် လုပ်ရာ လေယာဉ်စက်ရုံတစ်ရုံရှိတဲ့ မြို့တော်ဖြစ်ပါ တယ်။
Su-30 ဆိုသည်မှာ ရုရှားလေတပ်ဖွဲ့သာမကာ တရုတ်၊ အိန္ဒိယနဲ့ အခြားတိုင်းပြည်တွေက အသုံးပြုနေတဲ့ အသံထက်မြန်သော အင်ဂျင်နှစ်လုံးတပ် ထိုင်ခုံနှစ်ခုံပါ ဂျက်တိုက်လေယာဉ်တစ်မျိုး ဖြစ်ပါတယ်။
လေတပ်ဖွဲ့သို့ မလွှဲပြောင်းပေးမီ လေ့ကျင့်ရေးပျံသန်းမှုတစ်ခုအတွင်း ဂျက်တိုက်လေယာဉ် ပျက်ကျခဲ့ခြင်း ဖြစ်တယ်လို့ နိုင်ငံပိုင် လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း United Aircraft Corporation က ထုတ်ပြန်ချက်တစ်ခုအ တွင်း ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရုရှားက ယူကရိန်းသို့ ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ၁၁ ကြိမ်မြောက် ရု ရှားစစ်ဘက်လေယာဉ် ပျက်ကျမှုဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်ခန့်ကလည်း Yeysk ဆိပ်ကမ်းမြို့တော်ရှိ လူနေအဆောက်အအုံတစ်လုံးအနီး Su-34 ဗုံး ကြဲလေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူ ၁၅ ဉီး သေဆုံးခဲ့ပြီး ၁၉ ဉီး ဒဏ်ရာရရှိခဲ့ပါတယ်။
ဓာတ်ပုံ – Euronews ၊ SU-30 Fighter Jet
ကိုးကား – The Guardian
Ref; Russian fighter jet crashes in Siberia, killing two crew members