ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၁ ရက်

ကယား(ကရင်နီ)ပြည်နယ်၊ ရှားတောမြို့မြို့နယ်တွင် အောက်တိုဘာလ ၁၉ ရက် မွန်းလွဲပိုင်းချိန်တွင် ခလရ ၄၂၈ တပ်ရင်းအတွက်ထောက်ပို့လာသည့် ရဟတ်ယာဉ်တစ်စီးအား KA နှင့် KNDF B17မှ အနီးက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ရှားဝောာမြို့တွင်အထိုင်ချနေသည့် ဗျူဟာကုန်းနှင့် ခလရ ၄၂၈ တပ်ရင်းအတွက် စားနပ်ရိက္ခာနှင့်လက်နက်များ လာရောက်ပို့ဆောင်သည့် ရဟတ်ယာဉ်အား အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီး‌နောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးနှင့် အသက် ၅၀ အရွယ်အရပ်သားတစ်ဦး ပြင်းထန်စွာဒဏ်ရာ ရခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

လွိုင်ကော်မြို့ မှရှားတောမြို့သို့ ရိက္ခာပို့သည့်လမ်းကြောင်းများကို KNDF B17 နင့် KA တို့မှ မကြာခဏပိတ်ဆို့ခြင်း၊ စစ်‌ကောင်စီတပ်စခန်းများကိုတိုတ်ခိုက်ခြင်းများကြောင့် စစ်ကောင်စီဗျူဟာမှူးမှ ပစ်ခတ်မှုများထပ်မံဖြစ်ပွားပါက ရှားတောတစ်မြို့လုံးပြာကျသွားမည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းများလည်းရှိခဲ့သည်ဟု ထုတ်ပြန်တွင် ရေးသားဖော်ပြထားသည်။