ဧရာဝတီတ်ိုင်းမ်
အောက်တိုဘာလ ၁၉ ရက်

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းအုပ်စု၊ ၁၅ ပေကွက်သစ် ရာအိမ်မှူး ယနေ့ နေ့လည်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။

အောက်တိုဘာ ၁၉ ရက်နေ့(ယနေ့) နေ့လည် ၁၂ နာရီခွဲအချိန်က လိုင်းကြေးတောင်းပြီးပြန်လာသည့် ဘုရားကျေးရွာအုပ်စု၊ သန်လျင်သဘာဝတရားရိပ်သာ၊ ၁၅ ပေကွက်သစ်ရှိ ရာအိမ်မှူး ရေခဲ(ခေါ်)သံချောင်းကို သန်လျင်(ပ.က.ဖ)အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

“လိုင်းကြေးတောင်းပြီးပြန်လာတာသူက။ သေနတ်ကိုင်ရမ်းကားနေပြီး စစ်ခွေးတွေအတွက် လိုင်းကြေး ကောက်တောင်းကျွေးနေတာ ကြာပြီဗျ။ ဒါကြောင့် ဒီနေ့မှာ အမှိုက်ရှင်းလိုက်တာ”ပါဟု နယ်မြေခံ (ပ.က.ဖ)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းမှာ ပျူစောထီးအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး တပ် ထောက်ခံပွဲများလိုက်ပါလေ့ရှိသည့်အပြင် စစ်တပ် မှ လက်နက်ပေးထားသူတစ်ဦးဖြစ်ကြောင်း ဒေသခံ များ၏ ပြောပြချက်အရ သိရှိရသည်။

“သူက ဒလန်အကြီးစားကြီးဗျ။ လက်နက်လည်းရှိ တော့ တအားရမ်းကားနေတာကြာပြီ။ လူတွေက လည်း ပြန်မပြောရဲဘူးပေါ့ဗျာ။ လက်နက်အားကိုးနဲ့ မိုက်နေတာ။ ခုတော့ ဝမ်းသာတယ်ဗျာ”ဟု ဒေသခံတစ်ဦးမှ ဧရာသတီတိုင်းမ်ကို ပြောသည်။

ယနေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ် ဗဟိုအကျဥ်း ထောင်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြိီး ပေါက်ကွဲမှု ကြောင့် အကျဥ်းဦးစီးဝန်ထမ်း ၃ ဦးနှင့် စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထောင်ဝင်စာလာတွေ့သည့် ပြည်သူ ၅ ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။