
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၉ ရက်
ဧရာဝတီတိုင်းမှာ အောက်တိုဘာလ ဒုတိယပတ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေအနည်းဆုံး ၁၅၀ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပုသိမ်၊ သာပေါင်း၊ ရေကြည်၊ ကျုံပျော်၊ ပန်းတနော် စတဲ့မြို့နယ်တွေက ကျေးရွာတွေမှာ နေအိမ်အမိုးလန်တာတွေ ပြိုကျပျက်စီးတာတွေဖြစ်ပေါ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ မိုးကုန်ရာသီဆိုရင်တော့ ဖြစ်တက်ပါတယ် လေကြမ်းရင်တော့ ကြံခိုင်မှုအား မကောင်းတဲ့ အိမ်တွေ အမိုးလန်တာတွေ ပြိုကျတာတွေ ဖြစ်တက်တယ်”လို့ CDM မီးသတ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဒေးဒရဲမြို့တွင်လည်း အောက်တိုဘာလ ဒုတိယပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် နေအိမ်ပေါ် သစ်ပင်လဲလို့ မိသားစုဝင် ၃ ဦးသေဆုံးခဲ့သေးတယ်လို့ ဆိုပါတယ်။
မြစ်ဝကျွန်းပေါ်ဒေသဖြစ်တဲ့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေဟာ မိုးရာသီအစပိုင်းနဲ့ မိုးရာသီအကုန် ကာလတွေမှာ လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ပြိုတာတွေ မြစ်ကမ်းပါးပြိုကျတာတွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#ဧရာဝတီတိုင်း #လေပြင်း #တိုက်ခတ် #နေအိမ်
#Ayeyarwaddy_Times