
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၉ ရက်
ယူကရိန်းပိုင်နက်နယ်မြေတွေကို ရုရှားနိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ရှုတ်ချတဲ့ ကြေညာချက်တစ်ရပ် ကို လွှတ်တော်အမတ်တွေက တစ်ခဲနက် အတည်ပြုပြီးနောက် အက်စတိုနီးယားလွှတ်တော်က ရုရှားနိုင်ငံကို အ ကြမ်းဖက်နိုင်ငံတစ်ခုအဖြစ် မနေ့က တရားဝင် ကြေညာခဲ့ပါတယ်။
ယူကရိန်းနိုင်ငံမှာ ရုရှားရဲ့ စစ်ရေးဆောင်ရွက်မှုတွေကို ရှုတ်ချဖို့ အက်စတိုနီးယားလွှတ်တော်ရှိ အမတ် ၁၀၁ ဉီးအနက် ၈၈ ဉီးက မဲဆန္ဒပေးခဲ့ပြီး ကျူးကျော်တိုက်ခိုက်မှု၊ အတုအယောင် လူထုဆန္ဒခံယူပွဲတွေမှတစ်ဆင့် ယူကရိန်းပိုင်နက်နယ်မြေတွေ သိမ်းပိုက်တာကို မည်သည့်အခါမှ အသိအမှတ်ပြုမည်မဟုတ်ဖူးလို့ ကြေညာလိုက်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ နျူကလီးယားတိုက်ခိုက်မှုတွေပြုလုပ်ဖို့ ခြိမ်းခြောက်မှုတွေက ဉရောပ တိုက်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်လာခဲ့တယ်လို့ အက်စတိုနီးယားလွှတ်တော် က ပြောပါတယ်။
ယူကရိန်းနိုင်ငံအား ထောက်ခံအားပေးမှုနဲ့ မှန်ကန်သောသမိုင်းကြောင်းဘက်မှာ ရပ်တည်တဲ့အတွက် အက်စတိုနီးယားနိုင်ငံကို ကျေးဇူးတင်ရှိတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်ဆီရီနီကော့ဗ်က ပြော ကြားလိုက်ပါတယ်။
ရုရှားနိုင်ငံကို အကြမ်းဖက်တိုင်းပြည်တစ်ခုအဖြစ် အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံမှာ အက်စတိုနီးယား ရဲ့ ဘောလ်တစ်အိမ်နီးချင်းဖြစ်တဲ့ လစ်သူယေးနီးယားနိုင်ငံဖြစ်ပါတယ်။ အခြား ဘောလ်တစ်နိုင်ငံတစ်ခုဖြစ်တဲ့ လတ်ဗီးယားလွှတ်တော်ကလည်း မကြာသေးမီက ရုရှားကို အကြမ်းဖက်နိုင်ငံတစ်ခုအဖြစ် ကြေညာခဲ့ပါတယ်။
ရုရှားကို အကြမ်းဖက်နိုင်ငံတစ်ခုအဖြစ် ကြေညာဖို့ ယူကရိန်းက အခြားနိုင်ငံတွေကို တွန်းအားပေးခဲ့ပြီး ယူကရိန်းလွှတ်တော်က ရုရှားကို အကြမ်းဖက်နိုင်ငံအဖြစ် ကြေညာဖို့ မေလအတွင်း အမေရိကန်နိုင်ငံကို တောင်း ဆိုခဲ့ပါတယ်။
ရုရှားကို အကြမ်းဖက်နိုင်ငံတစ်ခုအဖြစ် ကြေညာပါက နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးကို ထိခိုက် စေမယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံကို သတိပေးခဲ့ပါတယ်။
ကိုးကား – The Jerusalem Post
Ref; Estonia declares Russia a terrorist state, ‘biggest danger to world peace’