မုံရွာ-အမြင့်လမ်းကို ပြည်သူတွေသွားမရအောင် မြေတူးစက်(ဘူဒိုဇာ) ဖြင့် စစ်ကောင်စီတပ်တွေ ဖျက်စီးသွား

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၄ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ညောင်ပင်ဇောက်ရပ်ကွက်တောင်ဘက်အထွက် မုံရွာ-အမြင့်လမ်း ကျောက်ပေါက်ကွေ့တွင် ဒီကနေ့ နေ့လည် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်တွေက အင်အားသုံးပြီး ဘူဒိုဇာ နှင့် ဖျက်စီးသွားခဲ့ကြောင်း ဒေသခံတွေထံကသိရသည်။

အဆိုပါ စစ်ကောင်စီတပ်တွေဟာ စစ်ကားကြီးတစီး၊ အိမ်စီးကားတစ်စီး အင်အား ၃၀ ခန့်နှင့် ရောက်ရှိလာပြီး ဒီကနေ့ နေလည် ၂ နာရီဝန်းကျင်မှာ မြေတူးစက်(ဘူဒိုဇာ)ဖြင့် ဖျတ်စီးသွားခဲ့တာ လို့

ဒေသခံများကပြောသည်။

“မုံရွာ-အမြင့်လမ်းဟာ မုံရွာတောင်နယ်နှင့် ချောင်းဦးမြို့နယ်အတွက် အဓိကအရေးကြီးသောလမ်းပိုင်းဖြစ်ပီး ယခုလိုဖျက်စီးသွားလို့ ကားတွေသွားမရအောင် ဖျက်စီးသွားတာ အတော်ယုတ်မာတဲ့ စစ်ကောင်စီတပ်က ကောင်တွေပါ “လို့ ဒေသခံတဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

ဒါ့ပြင် စစ်ကောင်စီတပ်တွေရဲ့ ဖျက်စီးခြင်းခံလိုက်ရသည့် မုံရွာ-အမြင့်လမ်း လမ်းပိုင်းသည် ယခုအခါ မုံရွာတောင်နယ်နှင့် ချောင်းဦးမြို့နယ်နေ ပြည်သူများအတွက် ကုန်သွယ်ရေး၊ လမ်းသွားလာရေးများ အရမ်းခက်ခဲသွားတယ် လို့ ဒေသခံတွေပြောပြချက်အရ သိရသည်။

ဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး

#Ayeyarwaddy_Times