ယူကရိန်းအား နေတိုးအဖွဲ့သို့ ဝင်ရောက်ခွင့်ပြုရင် စိုးရိမ်ဖွယ်ရာ အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ တရုတ်က အမေရိကန်ကို သတိပေး

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၄ ရက်

ယူကရိန်းကို နေတိုးအဖွဲ့သို့ ဝင်ရောက်ခွင့်ပြုမယ်ဆိုရင် နျူကလီးယားစစ်ပွဲအပါအဝင် ဆိုးရွားသော အ ကျိုးဆက်တွေ ရင်ဆိုင်ရနိုင်တယ်လို့ တရုတ်က အမေရိကန်နိုင်ငံကို သတိပေးလိုက်ပါတယ်။

သမ္မတ ဇီလန်စကီး တောင်းဆိုထားတဲ့အတိုင်း ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့သို့ ဝင်ရောက်ခွင့်ပြုမယ်ဆို ရင် ပဋိပက္ခအရှိန်မြှင့်လာနိုင်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က အနောက်နိုင်ငံတွေကို နျူကလီးယားလက်နက် နဲ့ ခြိမ်းခြောက်တာတွေ လုပ်လာနိုင်တယ်လို့ တနင်္ဂနွေနေ့ထုတ် နိုင်ငံပိုင် ဂလိုဘယ်လ်တိုင်းသတင်းစာရဲ့ အယ်ဒီ တာ့အာဘော်မှာ တရုတ်နိုင်ငံက

သတိပေးခဲ့ပါတယ်။

ယူကရိန်းအား နေတိုးအဖွဲ့သို့ ဝင်ရောက်ခွင့်ပြုရေး ဆွေးနွေးမှုတွေကို ရွှေ့ဆိုင်းထားသင့်တယ်လို့ ပြီးခဲ့တဲ့ အပတ်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလေဗန်က ပြော ကြားခဲ့ပါတယ်။

အိန္ဒိယနဲ့ ချေချင်းညာသမ္မတနိုင်ငံတွေက ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက်တွေ ဖြန့်ကြက်မှုနဲ့ ပတ်သက်လို့ မှတ်ချက်အမျိုးမျိုးပေးနေချိန်မှာ တရုတ်နိုင်ငံပိုင်သတင်းစာကတစ်ဆင့် အမေရိကန်နိုင်ငံကို အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းစစ်ပွဲမှာ တိုက်ရိုက် မပါဝင်ပေမယ့် ကွန်ဂရက်က ပြီးခဲ့တဲ့အပတ်အတွင်း ယူ ကရိန်းသို့ ထပ်တိုးစစ်ရေးအကူအညီ ဒေါ်လာ ၁၂ ဘီလီယံ ထောက်ပံ့ဖို့ အတည်ပြုခဲ့ပါတယ်။

ရုရှားကျူးကျော်စစ် မစတင်မီ ယူကရိန်းကို နေတိုးအဖွဲ့ဝင်ရောက်ဖို့ ထောက်ခံခဲ့တဲ့ သမ္မတ ဂျိုးဘိုင်ဒင်က ရုရှားတပ်ဖွဲ့တွေကို သတိပေးခဲ့ပြီး အရှေ့ဉရောပရှိ နေတိုးမဟာမိတ်တွေရဲ့ နယ်စပ်တွေကို ကျူးကျော်မယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိလာမယ်လို့ ပြောကြားလိုက်ပါတယ်။

“နေတိုးအဖွဲ့ဝင်တွေရဲ့ ပိုင်နက်နယ်မြေတစ်လက်မအထိ ကာကွယ်ဖို့ နေတိုးမဟာမိတ်တွေနဲ့အတူ အမေ ရိကန်နိုင်ငံက အပြည့်အဝ ပြင်ဆင်ထားပါတယ်” လို့ သမ္မတ ဂျိုးဘိုင်ဒင်က ဝါရှင်တန်ဒီစီမြို့တော်မှာ ပြောကြားခဲ့ပါတယ်။

ကိုးကား – Newsweek

Ref; China Warns U.S. of Grave Consequences if Ukraine Joins NATO