
ဒေသတွင်းတော်လှန်ရေးအဖွဲ့ ၂၅ ဖွဲ့နဲ့ မိတ်ဖွဲ့ပြီး စစ်ကောင်စီတပ်ကိုတိုက်ခိုက်မယ်လို့ KNUတပ်မဟာ ၁ ထုတ်ပြန်
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃ ရက်
မွန်ပြည်နယ်၊ သထုံခရိုင်အခြေပြု KNU တပ်မဟာ ၁ က မွန်ပြည် နယ်အတွင်းရှိ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်မြိုပြပြောက်ကျားတပ်ဖွဲ့စုစုပေါင်း ၂၅ ဖွဲ့နှင့် မိတ်ဖွဲ့ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၃ ရက် ယနေ့တွင် သတင်းထုတ်ပြန် သည်။
တပ်မဟာ(၁)နယ်မြေအတွင်းရှိ တော်လှန်ရေးအင်အားစုများပေါင်းစည်း၍ တော်လှန်ရေးတပ်ပေါင်းစုဖွဲ့စည်းကြောင်းဖော်ပြပြီး တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ၄ ရက်တိုင်တိုင် ကျင်းပကာ စုပေါင်းဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု ဖော်ပြထားပါသည်။
“အဓိကကတော့ အဖွဲ့တွေတကွဲတပြားမဟုတ်ပဲနဲ့ စနစ် တကျအချိတ်အဆက်မိမိနဲ့ စကစကိုတိုက်နိုင်ဖို့ရည်ရွယ်တာ ပါ၊ အကြမ်းဖက်ပုံစံမဖြစ်ဘဲနဲ့EROsတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီး စစ်ကောင်စီကိုတော်လှန်ဖို့ရည်ရွယ်ပြီးဖွဲ့စည်းတယ်လို့ ဒီထုတ်ပြန်ချက်အပေါ်မှာ သုံးသပ်လို့ရတယ်” ဟု ဒေသတွင်း တော်လှန်ရေးအဖွဲ့ဝင်တဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
တက်ရောက်လာသော ဒေသတွင်းတော်လှန်ရေးအဖွဲ့ ၂၅ ဖွဲ့၏ ခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် စုပေါင်းဆွေး နွေး၍ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုအသွင်ဖွဲ့စည်း ၍ တစ်ခုထဲသောကွပ်ကဲမှုဖြင့် စုပေါင်းဦးဆောင်၍ ရန်သူအားနည်းမျိုးစုံဖြင့်တော်လှန်သွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။
#KNU #တပ်မဟာ ၁ #မဟာမိတ် #PDF ၂၅ဖွဲ့ #ဖွဲ့စည်း #AyeyarwaddyTimes