
ယူကရိန်းစစ်ပွဲမှာ နျူလက်နက်တွေသုံးမယ်ဆိုရင် အမေရိကန်နဲ့နေတိုးက ရုရှားတပ်ဖွဲ့တွေကို ဖျက်ဆီးပစ်မယ်လို့ စီအိုင်အေ ညွှန်ကြားရေးမှူးဟောင်း သတိပေး
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃ ရက်
သမ္မတ ဗလာဒီမာပူတင်က ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက်တွေ အသုံးပြုမယ်ဆိုရင် အမေရိ ကန်နဲ့ နေတိုးမဟာမိတ်တွေက ရုရှားတပ်ဖွဲ့တွေကို ဖျက်ဆီးပစ်မယ်လို့ စီအိုင်အေ ညွှန်ကြားရေးမှူးဟောင်းတစ် ဉီးက သတိပေးလိုက်ပါတယ်။
ပူတင်ရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကို အလေးအနက် စဉ်းစားဖို့လိုအပ်ပြီး စစ်မြေပြင်မှာ ရင်ဆိုင် နေရတဲ့ အခြေအနေကြောင့် ပူတင်က ထင်ရာစိုင်းနေတယ်လို့ အမေရိကန် စီအိုင်အေ ညွှန်ကြားရေးမှူးဟောင်း ဒေးဗစ်ပက်ထရီးယက်စ်က ပြောပါတယ်။
ပူတင်က ယခုသီတင်းပတ်အစောပိုင်းမှာ ယူကရိန်းနယ်မြေအချို့ကို သိမ်းပိုက်တဲ့အမိန့်တစ်ရပ်ကို လက် မှတ်ရေးထိုးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတစ်ခုဖြစ်တဲ့ မဟာဗျူဟာအရ အ ရေးပါတဲ့ လိုင်မန်းမြို့တော်ကနေ ရုရှားတပ်ဖွဲ့တွေ ဆုတ်ခွာခဲ့ရပါတယ်။
ရုရှားနိုင်ငံရဲ့ ပိုင်နက်နယ်မြေကို ကာကွယ်ဖို့ ဖြစ်နိုင်သမျှ နည်းလမ်းတွေအားလုံး အသုံးပြုမယ်လို့ ပူတင် က ပြောကြားခဲ့ရာ အဲဒီစကားကို နျူကလီးယားခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။
ယူကရိန်းက နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် အမေရိကန်နဲ့နေတိုးအဖွဲ့ရဲ့ တုံ့ပြန်မှုကို ရုရှားနိုင်ငံက ရင်ဆိုင်ရမယ်လို့ ပက်ထရီးယက်စ်က ပြောပါတယ်။ တပ်ဖွဲ့တွေဆုတ်ခွာစဉ် ရုရှားတပ်ဖွဲ့ဝင်တွေ အကျအဆုံးများ စွာ ရှိခဲ့ပါတယ်။
ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဆင်မှု မစတင်မီ လိုင်မန်းမြို့မှာ ရုရှားတပ်ဖွဲ့ဝင် ၅၅၀၀ ခန့်အထိ ရှိတယ်လို့ ယူကရိန်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။ ယူကရိန်းစစ်ပွဲ ရှစ်လအထိ ကြာမြင့်လာချိန်မှာ ရု ရှားတပ်ဖွဲ့ဝင် ၆၀၀၀၀ အထိ ကျဆုံးခဲ့ပါတယ်။
ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားနိုင်ငံသား ထောင်နဲ့ချီ ဒဏ်ခတ်အရေးယူခံခဲ့ရသလို အနောက်နိုင်ငံ တွေအနေနဲ့ ရုရှားနိုင်ငံအပေါ် လုပ်ဆောင်စရာတွေ ရှိနေသေးတယ်လို့ သူက ဆိုပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကလည်း ပူတင်ရဲ့ နျူကလီးယားခြိမ်းခြောက်မှုကို ပယ်ချခဲ့ပြီး ပြတ်ပြတ်သားသား လက်တုံ့ပြန်မယ်လို့ ပြောကြားလိုက်ပါတယ်။
ကိုးကား – Daily Mail
Ref; Former CIA director David Petraeus warns that the US and its allies would DESTROY Russia’s troops in Ukraine