
မိုးများလို့သွားလာရခက်ခဲနေတဲ့ ဆိပ်ဖြူ – ဆောလမ်းပိုင်းက ခရီးသည်တင်ကားတွေကို PDF ရဲဘော်မိသားစုများက ကူညီဆောင်ရွက်ပေး
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃ ရက်
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ – ဆောလမ်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြတ်သန်းသွား လာရခက်ခဲနေသည့် ခရီးသည်တင်ယာဥ်များကို ဒေသကာကွယ်ရေးတပ်များမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့တွင်သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၁ ရက်နေ့ကစတင်၍ မိုးသည်းထန်စွာရွာသွန်းသဖြင့် ချောင်းရေစီးဆင်းမှုကြောင့် နွံများနှင့်ကားသွားလာမရဖြစ်ခဲ့ပြီ ယမန်နေ့တွင် ဆိပ်ဖြူဘာမထီတပ်ဖွဲ့မှ တပ်ရင်းမှုးနှင့်ဇနီးအပါအဝင် ရဲဘော်များ၊ ရွာသူ ရွာသားများအားလူံးပူးပေါင်းပါဝင်ပြီး လမ်းများပြုပြင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သွားလာရခက်ခဲမှုကြောင့် ကားနှင့်စီးနင်းလိုက်ပါလာသည့် ခရီးသည်များညတွင်းချင်းခရီးဆက်ရန် အဆင်မပြေဖြစ်နေသည့် အတွက် ထမင်း၊ဟင်းနှင့် နေရာထိုင်ခင်းများ စီစဉ်လုပ်ဆောင်ပေးခဲ့ကြောင်းလည်းဖော်ပြထား သည်။
#AyeyarwaddyTimes