အာဏာသိမ်း မြန်မာစစ်ကောင်စီ ပြိုလဲတော့မှာလား

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၃ ရက်

အာဏာသိမ်း မြန်မာစစ်ကောင်စီဟာ ယုံကြည်မှုပျောက် ဆုံးနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျဆင်းနေကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) နဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေကတော့ အင်အားပိုကောင်းလာပါတယ်။ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ ၂၀၂၁ ခုနှစ်

ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ကောင်စီက ဘေးသင့်နေတဲ့ပုံပါပဲ။

မြန်မာစစ်တပ်ဟာ သူရဲ့လမ်းညွှန်မှုအောက်မှာ ပြုလုပ်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိ အမှတ်မပြုဘဲ မြန်မာ့သမိုင်းကို ပြန်ရေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ NLD က ၂၀၁၁ ခုနှစ်မှာ အာဏာရရှိလာချိန်မြန်မာစစ်တပ်ဟာဒီမိုကရေစီလုပ်ငန်း စဉ် အသွင်းကူးပြောင်းမှုကို အကန့်အသတ်နဲ့ စတင်ခဲ့ ပါတယ်။ အဲဒီနောက်ပိုင်း NLD နဲ့

မြန်မာစစ်တပ်က တိုင်းပြည်ကို ခွဲဝေအုပ်ချုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစစ်တပ်ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ရာဇဝတ်မှုတွေကို အပြည်ပြည်ဆိုင်ရာ တရားမျှတမှုရုံး (ICJ) မှာ ကာကွယ်ပေးခဲ့ပါတယ် ။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာပြုလုပ်တဲ့ ရွေးကောက်ပွဲကြောင့် NLD နဲ့ စစ်တပ်ကြားဆက်ဆံရေး ပျက်ယွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆယ်နှစ်တာ ဒီမိုကရေစီခရီးကို စစ်အုပ်ချုပ်ရေးနဲ့

ဖျက်ဆီးပစ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ရီလနောက်ပိုင်း နိုင်ငံရေးနဲ့ စစ်ရေးမျက်နှာစာမှာ အပြင်းထန်ဆုံး ဆန့်ကျင်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ နိုင်ငံရေးမျက်နှာစာမှာ စစ်ကောင်စီဟာ တစ်နိုင်ငံလုံးအတိုင်း အတာ အကြမ်းမဖက်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုကို ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ပိုင်း ခေတ်သစ်မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် NUG ကို

ဖွဲ့စည်းခဲ့ပါတယ်။

ဉရောပသမဂ္ဂ၊ အမေရိကန်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာ့အနာဂတ်မှာ NUG ရဲ့အခန်းကဏ္ဍကို အလေးထားခဲ့ပြီး ယနေ့အချိန်မှာတော့ NUG ဟာ နိုင်ငံများစွာနဲ့ ကမ္ဘာတစ်ဝန်းက အဖွဲ့အစည်းတွေရဲ့ ပိုမို လက် သင့်ခံမှုကို ရရှိနေပါပြီ။ ကနဉီးမှာ NUG ဟာ အသိအမှတ်ပြုမှုရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ NLD ခေါင်းဆောင်ပိုင်းနဲ့ ထောက်ခံသူတွေက

အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ဖို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) ကို ဖွဲ့စည်းခဲ့ပါ တယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အကြမ်းဖက်သောင်းကျန်းမှုကလည်း နှစ်ပေါင်းများ စွာကတည်းက ရှိနေခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့အပြင် NUG ကိုလည်း ထောက်ပံ့နေကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီကို တိုက်ခိုက်နိုင်ဖို့ သူတို့ရဲ့ စစ် ရေးစွမ်းပကားတွေကို တစ်ပြိုင်နက်တည်း အားသားချက်ရယူခဲ့ပါတယ်။ အကျိုးဆက်အနေ နဲ့ စစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးထိန်းချုပ်မှုရယူဖို့

ရုန်းကန်ခဲ့ရပါတယ်။ သံတမန်ရေးအမြင်အရ စစ်ကောင်စီဟာ ကမ္ဘာ့နိုင် ငံတွေနဲ့ ဖြတ်တောက်ခဲ့တာကြောင့် အထီးကျန်ဆန်လာပါတယ်။

မြန်မာစစ်ကောင်စီဟာ သံတမန်ရေး၊ နိုင်ငံရေးနဲ့ စစ်ရေးမျက်နှာစာတွေမှာ ရှုံးနိမ့်နေပါတယ်။ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာလည်း အဓိက ပြဿနာတွေ ရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ အာဏာဆုံးရှုံးနေပြီး နယ်မြေစိုးပိုင်မှု လျှော့နည်းလာပါတယ်။ ရခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေမှာလည်း မြန်မာစစ် တပ်ဟာ ထိခိုက်ကျဆုံးမှု

ကြီးမားခဲ့ပြီး စစ်စခန်းတွေ ဆုံးရှုံးခဲ့ပါတယ်။ ရခိုင့်တပ်တော်က မြန်မာစစ်တပ်ရဲ့ စစ်ရေး နဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ထားပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးသမားတွေနဲ့ သာမန်ပြည်သူတွေဟာ စစ်အာဏာရှင်ရဲ့ နှိပ်စက်ကလူပြုမှုကို စဉ်ဆက်မပြတ် ခံနေရပါတယ်။ မြန်မာစစ်တပ်ဟာ ရခိုင့်တပ်တော်ကို ဖြိုခွင်းနိုင်ဖို့ ရှိသမျှ အရင်းအမြစ်အားလုံးကို အသုံး ပြုနေပေမယ့် မဟာဗျူဟာအရ အောင်မြင်မှုမရရှိပါဘူး။ မီဒီယာသတင်းတွေအရ စစ်ကောင်စီက မြန်မာ့ပိုင်နက်နယ်မြေရဲ့ ၁၇ ရာခိုင်နှုန်းကိုသာ

ထိန်းချုပ်နိုင်ပြီး NUG က ၅၂ ရာခိုင်နှုန်းအထိ နယ်မြေစိုးပိုင်မှုရရှိထားတယ်လို့ သိရပါတယ်။

ကျန်ရှိတဲ့ မြန်မာ့ပိုင်နက်နယ်မြေတွေမှာ ဘယ်အဖွဲ့အစည်းကမှ အပြီးအတိုင် မထိန်းချုပ်ထားနိုင်ပါဘူး။ စစ်ကောင်စီဟာ မြေပြင်မှာ ရှုံးနိမ့်နေတာလို့ယုံကြည်တာ ကျိုးကြောင်းဆီလျော်ပါတယ်။ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်မှာလည်း အခြေအနေ မကောင်းတော့ပါဘူး။ အာဏာသိမ်းစစ်ကောင်စီဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဗမာတွေလိုမျိုး အဓိကလူမျိုးစုကြီးတွေရဲ့

ထောက်ခံမှုတောင် မရတော့ပါဘူး။ အာဏာသိမ်းခေါင်းဆောင်တွေဟာ အခုဆိုရင် သူတို့ရဲ့အနာဂတ်၊ အာဏာနဲ့ နိုင်ငံအပေါ် စစ်ရေးထိန်းချုပ်မှုကို စဉ်းစားနေရပါပြီ။

ဖွဲ့စည်းပုံအခြေခံဉပဒေမှာ စစ်တပ်ရဲ့အခန်းကဏ္ဍ လျော့ချဖို့လုပ်ဆောင်နေခြင်းကလည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို လက်မခံရတဲ့ အခြေခံကျသောအကြောင်းရင်းဆိုတာ ကျွန်တော်တို့ သတိထားမိပါတယ်။ အခုအခါ စစ်ကောင်စီဟာ အာဏာသိမ်းခြင်းရဲ့ ဂယက်ရိုက်မှုတွေကို ခံစားနေရပါပြီ။ လက်ရှိအခြေအနေတွေအရ အာဏာသိမ်းစစ်ကောင်စီဟာ

ဒုက္ခလှလှကြုံ တွေ့နေရတာ သဘာဝကျပါတယ်။ ဒါပေမယ့် မြန်မာစစ်ကောင်စီဟာ အမှန်တရားကို လက်ခံဖို့ဆန္ဒမရှိဘူးဖြစ်နေပါတယ်။

မြန်မာနိုင်ငံဟာ ကျဆုံးတဲ့နိုင်ငံ (Failed state) ဖြစ်ပါစေ စစ်ကောင်စီက မပူပန်ပါဘူး။ စစ်ကောင်စီဟာ သူတို့ရဲ့အာဏာမြဲမြံဖို့နဲ့ ဒေသတွင်း မတည်မငြိမ်ဖြစ်ဖို့ လုပ်ဆောင်ပါလိမ့်မယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာအ ရေးလိုမျိုး ဒေသတွင်းပြဿနာတွေကိုလည်း ဖြစ်စေခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် သန်း နဲ့ချီသောပြည်သူများ

အိုးအိမ်စွန့်ခွာခဲ့ရပြီး ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပါ တယ်။

စစ်ကောင်စီဟာ အခုဆိုရင် နယ်စပ်တွေမှာတောင် လက် နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေပါတယ်။ မြန်မာစစ်ကောင်စီဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လည်း လက်တွဲဆောင်ရွက်ခြင်းမရှိပါဘူး။ စစ်ကောင်စီဟာ မြန်မာနိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ရဲ့စကားကိုလည်း ဂရုမစိုက်ပါဘူး။ ရိုဟင်ဂျာတွေကို နေရပ်ပြန်ခွင့်ပြုသင့်ပြီး ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်ဖို့

လိုအပ်တဲ့အခြေအနေတွေ ဖြစ်လာဖို့ စစ်ကောင်စီကို ဖိအားတိုးမြှင့်ပေးရမှာ ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ် ပေးပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကာ တိုင်းပြည်အား ဒီမိုကရေစီအစိုးရကသာ အုပ်ချုပ်ခွင့်ပြုသင့်ပါတယ်။ မြန်မာစစ်ကောင်စီ ကျူးလွန်သမျှ အတွက် တာဝန်ခံဖို့ တရုတ်နဲ့အိန္ဒိယက ဖိအားပေးသင့်ပါတယ်။ ဒေသတွင်းနဲ့ ကမ္ဘာကြီး တည်ငြိမ်မှုထိန်းသိမ်းဖို့ အနောက်နိုင်ငံတွေက

မြန်မာစစ်ကောင်စီအပေါ် အပြင်းထန်ဆုံး ဖိအားပေးသင့်ပါတယ်။

အောက်တိုဘာလ ၃ ရက်တွင် Eurasia Review ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် Tilottama Rani Charulata ၏ Is Myanmar’s military junta regime going to collapse? ကို ဆီလျော်အောင် ဘာသာပြန်ဆို ထားပါသည်။

#AyeyarwaddyTimes