
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂ ရက်
သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်မရရင် မြန်မာ့အကျပ်အတည်းဖြေရှင်းမယ့် ခရီးစဉ်က အကျိုးရှိမှာမ ဟုတ်ဖူးဆိုတဲ့ ဝေဖန်မှုတွေရှိနေစဉ်မှာ အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ခ်ဆိုခွန်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်ထံ ထပ်မံ တောင်းဆိုလိုက်ပါတယ်။
မြန်မာခရီးစဉ် တတိယမြောက်နေ့ဖြစ်တဲ့ ဇူလိုင်လ ၁ ရက်မှာ ပရတ်ခ်ဆိုခွန်က နေပြည်တော်မှာ အပစ် ရပ် တိုင်းရင်းသားလက်နက်ကိုင်ခုနှစ်ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချင်တယ်လို့ တောင်းဆိုခဲ့ပေမယ့် တွေ့ဆုံဖို့က အ လွန်ခက်ခဲတယ်လို့ ပရတ်ခ်ဆိုခွန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို ပြောပါတယ်။
“အကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံဖို့ အလွန်ခက်ခဲပြီး အချိန် ကြာမြင့်မယ်” လို့ ပရတ်ခ်ဆိုခွန်က ပြောကြားခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ဆိုပါတယ်။
“သူ့ရဲ့ အာဆီယံ အထူးကိုယ်စားလှယ်သက်တမ်းက ခြောက်လသာကျန်ရှိတော့လို့ သက်တမ်းမကုန်မီ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိရေး နည်းလမ်းတစ်ရပ်ရှာဖွေဖို့ အစွမ်းကုန်ကြိုးပမ်းမယ်လို့ ပရတ်ခ်ဆိုခွန် က ပြောပါတယ်။
ပရတ်ခ်ဆိုခွန်ရဲ့ ငါးရက်ကြာ ခရီးစဉ်မတိုင်မီ အာဆီယံအလှည့်ကျဥက္ကဌ ဟွန်ဆမ်နဲ့ အာဆီယံ အထူး ကိုယ်စားလှယ်ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ မေတ္တာရပ်ခံချက်ကို စစ်ကောင်စီက ငြင်းပယ်ခဲ့တယ် လို့ ဆိုပါတယ်။
ညံ့ဖျင်းသော ထောင်တွင်းအခြေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကြောင့် အသက် ၇၇ နှစ်အရွယ် ဒေါ် အောင်ဆန်းစုကြည်အတွက် စိုးရိမ်မှုတွေ မြင့်တက်လာတာကြောင့် သူမကို နေပြည်တော်ထောင်ကနေ မူလထိန်း သိမ်းထားရာနေရာသို့ ပြန်လည်ပြောင်းရွှေ့ဖို့ ပရတ်ခ်ဆိုခွန်က တောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ “ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး” လို့ဆိုကာ မေတ္တာရပ်ခံချက်ကို ငြင်းဆန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် ကောင်းမွန်တဲ့ အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ စီစဉ်ထားတယ်လို့ ပြောပါတယ်။
တရားရင်ဆိုင်နေရတဲ့သူတွေကို အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်မပြုနိုင်ဘဲ မြန်မာနိုင်ငံက ပဋိပက္ခအဆုံးသတ်ဖို့ စစ်ကောင်စီက အဖွဲ့အချို့နဲ့ လက်တွဲဆောင်ရွက်နေတယ်လို့ ဒီသီတင်းပတ်အစောပိုင်းမှာ ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဉ်အတွင်း NLD ပါဝင်ဝင်အချို့နဲ့ တွေ့ဆုံခွင့် ပြုမယ်လို့ ဆိုပေမယ့် ဘယ်သူဘယ်ဝါနဲ့ တွေ့ဆုံခွင့်ပြုမယ်ဆိုတာတော့ ထုတ်ဖော်မပြောပါဘူး။