ထားဝယ်မြို့တွင် စစ်ကောင်စီကျင်းပမည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲ ကို ပြည်သူတွေပါဝင် မဆင်နွှဲဖို့ ထားဝယ် PDF ပူးပေါင်းအဖွဲ့ သတိပေး

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၂ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်အတွင်းရှိ

ပြည်သူများအနေဖြင့် စစ်ကောင်စီဦးဆောင်ကျင်ပမည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲ ကို ပြည်သူတွေ ပါဝင်ဆင်နွှဲခြင်းမပြုဖို့ ထားဝယ် PDF တပ်ဖွဲများမှ ပူးပေါင်းကာ ဒီကနေ့ အောက်တိုဘာ ၂ ရက်နေ့မှာ ထုတ်ပြန်သည်။

“မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထု တစ်ရပ်လုံး ခံစားနေရတာကို ကျွန်ုပ်တို့ ထားဝယ်ဒေသရှိ မိဘပြည်သူများ အသိဖြစ်ပါတယ်။ ဒါကြောင့် မြန်မာတစ်နိုင်ငံလုံးဝမ်းနည်းပူဆွေးဖြစ်နေရသည့်အချိန်တွင် စစ်တပ်က ခုတုံးလုပ်တဲ့ ရိုးရာသပိတ်မျှောပွဲ ကို မသွားကြဖို့

အသိပေးထားတာဖြစ်ပါတယ်” လို့ ထားဝယ်ပူးပေါင်းအဖွဲ့ ပြောသည်။

ဒါ့ပြင် စစ်ကောင်စီဖက်မှ ပြည်သူကာကွယ်ရေးတပ်သားများ၏ ပုံရိပ်ဖျက်အပြစ်ပုံချရန်အတွက် အောက်တန်းကျသည့်နည်းမျိုးစုံအသုံးပြုကာ မိဘပြည်သူများအား အန္တရာယ်ပေးနိုင်သည့်အတွက် ပွဲလမ်းသဘင်များအား အထူးရှောင်ရှားဖို့ကြောင်း ထပ်လောင်းအသိပေးမေတ္တာရပ်ခံသည် ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါထုတ်ပြန်ချက်ကို Dawei Defense Team၊

Dawei Guerrilla Revolutionary Force၊ ထားဝယ်မြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ထားဝယ်ပကဖ)၊ Fighting For Freedom. Force၊ ပြန်ကြားရေး ပြန်ကြားရေး ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးတပ်၊

ဘီလုံးပျောက်ကျားတပ်ဖွဲ့ နှင့် ကွယ်ရေးအင်အားစုများ ပူးပေါင်းကာထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

#Ayeyarwaddy_Times