
သရက်ကန်ရဲစခန်းကို မီးရှို့ပြီး မြိုင် တောင်ရိုးကျေးရွာဘက်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်း လက်နက်ကြီးနဲ့အပစ်ခံရ (ရုပ်/သံ)
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာက ရဲစခန်းကို မီးရှို့ပြီး မြိုင်နယ် တောင်ရိုးရွာကို သွားလာနေသည့် စစ်ကောင်စီ စစ်ကြောင်းကို ဘာမထီလက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၃ နာရီမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခံရသည့် စစ်ကောင်စီ တပ်ဖွဲ့များဟာ
ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး သေဆုံးမှုစာရင်းကိုတော့ အတိကျ မသိရှိသေးဘူးလို့ ဘာမထီတပ်ဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။
ထို့ပြင် စစ်ကောင်စီဘက်က သေဆုံးမှုများရှိနိုင်သော်လည်းဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ အနေဖြင့် အထိအခိုက်
မရှိ ဆုပ်ခွာနိုင်ခဲ့တယ် လို့ ဘာမထီတပ်ဖွဲ့ထံကသိရသည်။
ရုပ်သံ-ပေးပို့
#Ayeyarwaddy_Times