
ရုရှားက ယူကရိန်းစစ်ပွဲမှာ နျူလက်နက်တွေ အသုံးပြုဖို့ ပူတင်ရဲ့မဟာမိတ် အကြုံပြု
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂ ရက်
လိုင်မန်းမြို့တော်မှ ရုရှားတပ်ဖွဲ့တွေ ဆုတ်ခွာခဲ့ရပြီးနောက် ယူကရိန်းမှာ အဆင့်နိမ့် နျူကလီးယား လက် နက်တွေဖြန့်ကြက်ဖို့ ချေချင်းခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ်က ရုရှားနိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။
ပိုထိရောက်သော အစီအမံတွေ လုပ်ဆောင်သင့်ပြီး နယ်စပ်ဒေသတွေမှာ စစ်အုပ်ချုပ်ရေးကြေညာကာ နျူကလီးယားလက်နက်တွေ အသုံးပြုသင့်တယ်လို့ ယုံကြည်ကြောင်း တယ်လီဂရမ်ပို့စ်တစ်ခုမှာ ရမ်ဇန်က ရေး သားခဲ့ပါတယ်။
ရမ်ဇန်ဟာ ၂၀၀၇ ခုနှစ်မှာ ဝေးလံခေါင်ဖျား ချေချင်းညာဒေသကို အုပ်ချုပ်ဖို့ သူ့ကို ခန့်အပ်ခဲ့တဲ့ ရုရှား သမ္မတ ဗလာဒီမာပူတင်ရဲ့ အနီးကပ် မဟာမိတ်တစ်ဉီးဖြစ်ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေရဲ့ တန်ပြန်ထိုးစစ်ဆင်မှုကြောင့် အရှေိ့ပိုင်းရှိ အမာခံနယ်မြေ လိုင်မန်းမြို့တော်မှ ရု ရှားတပ်ဖွဲ့တွေ ဆုတ်ခွာရပြီးနောက် ရမ်ဇန်က အခုလို မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။
ရန်သူ့တပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ အဆင့်နိမ့် နျူကလီးယားလက်နက်တွေ အပါအဝင် ရု ရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးမားဆုံး နျူကလီးယားတပ်ဖွဲ့ ပိုင်ဆိုင်ထားပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက်တွေ အသုံးပြုနိုင်ဖွယ်ရှိတယ်လို့ ပူတင်ရဲ့ ထိပ် တန်းမဟာမိတ်တစ်ဉီးဖြစ်တဲ့ သမ္မတဟောင်း မတ်ဗီဒက်ဗ်က ထုတ်ဖော်ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ ပိုင်နက်နယ်မြေကို ကာကွယ်ရာမှာ နည်းလမ်းအားလုံး အသုံးပြုမယ်လို့ သမ္မတ ပူတင်က ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံက နျူကလီးယားလက်နက်တွေ ဖြန့်ကြက်မယ်ဆိုရင် ပြတ် ပြတ်သားသား တုံ့ပြန်မယ်လို့ အမေရိကန်နိုင်ငံက သတိပေးခဲ့ပါတယ်။
ကိုးကား – Fox News
Ref; Putin ally recommends Russia use low-yield nuclear weapons in Ukraine