
ပြည်သူ့လွတ်မြောက်ရေး မွတ်စ်စလင်မ်တပ်ဦး-PLMF စတင် ဖွဲ့စည်းကြောင်းထုတ်ပြန်
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂ ရက်
စစ်အာဏာရှင်စနစ်အပါအဝင် အခြားဖိနှိပ်မှုတွေကို ဆန့်ကျင်မည့်အပြင် မွတ်စလင်လူထုအပါအဝင် အခြားသော အဖိနှိပ်ခံပြည်သူများနှင့်အတူ တိုက်ပွဲ ဝင်ရန် ပြည်သူ့လွတ်မြောက်ရေး မွတ်စ်စလင်မ်တပ်ဦး (ပလမတ) People Liberation Muslim Fornt(PLMF)ကို ဖွဲ့စည်းလိုက်ကြောင်း အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်အသိပေးကြေညာလိုက်သည်။
၎င်းတို့တပ်ဦးအနေဖြင့် အာဏာရှင်စနစ် အပြီးတိုင်ချုပ် ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီရေး၊ လူမျိုးကြီးဝါဒဆန့်ကျင်ရေး၊ ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးအပြင် လူမှုတရားမျှတမှုရရှိရေးစသည့် မူဝါဒ ၅ ရပ်ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုတော်လှန်ရေးတိုက်ပွဲတွင် မွတ်စ်စလင်မ်လူထု ၏ ပါဝင်မှု ပိုမိုအားကောင်းရန်လိုအပ်နေပြီး ကိုယ်စားပြုသည့်ခိုင်မာကျစ်လစ်သော စစ်ရေး၊ နိုင်ငံရေးစုဖွဲ့မှုတစ်ရပ် တည်ဆောက်ရန်လို အပ်သည်ဟု ယူဆကာ ယခုကဲ့သို့ဖွဲ့စည်းခြင်းဖြစ်သည်ဟုဆိုသည်။
PLMF ဖွဲ့စည်းကြောင်းသာဖော်ပြထားခြင်းဖြစ်ပြီး မည်သည့်ဒေသတွင်ဖွဲ့စည်းခြင်းနှင့် မည်သည့်အရာများလုပ် ဆောင်မည်ဆိုသည်ကိုထည့်သွင်းဖော်ပြထားခြင်းမရှိပါ။
နွေဦးတော်လှန်ရေး၏ နိုင်ငံရေးတိုက်ပွဲ၊ သပိတ်တိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲမျ အပါအ၀င် အဖိနှိပ်ခံအရေး၊ ကျောင်းသားထုအရေးနှင့် လူနည်းစုအရေးတွေမှာရပ်တည်တိုက်ပွဲ၀င်ခဲ့သည့် မွတ်လင်ရဲဘော်တွေစုဖွဲ့ပြီး ပြည်သူ့လွတ်မြောက်ရေး မွတ်စ်လင်မ်တပ်ဦး (ပလမတ) / People Liberation Muslim Front (PLMF) ကိုဖွဲ့စည်းလိုက်ကြောင်း
ထုတ်ပြန်အသိပေးလိုက်သည်။
#AyeyarwaddyTimes