လူထုထောက်ခံမှုမရှိသော အဘက်ဘက်ကျဆုံးနေတဲ့အာဏာသိမ်း မြန်မာစစ်ကောင်စီ
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂ ရက်
မြန်မာစစ်ကောင်စီဟာ နိုင်ငံတွင်းမှာ နယ်မြေထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရပါတယ်။ မြန်မာနိုင်ငံဟာ ပြည် တွင်းစစ်ဖြစ်နေပြီး စစ်ကောင်စီဟာ အတိုက်အခံတွေကို ယှဉ်ပြိုင်ဖို့ မနည်းရုန်းကန်နေရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ NLD ပါတီဟာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံခဲ့ရပေမယ့် ပြီးခဲ့တဲ့နှစ် အာဏာသိမ်းမှုအတွင်း စစ်တပ်ရဲ့ ဖြုတ်ချမှုကို ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ၊ အကြမ်းဖက် မှုတွေ မြင့်တက်လာတာဟာ အာဏာသိမ်းစစ်တပ်အပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဒီမိုကရေစီလှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ပေမယ့် နောက်ပိုင်းမှာ မြန် မာနိုင်ငံတစ်ဝန်း အရပ်သား ၂၃၀၀ ကျော် သေဆုံးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ သဘောထားကွဲလွဲသူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လက်နက်ကိုင်တော်လှန်ရေးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဟာ လက်နက်ကိုင်တော်လှန်ရေးကို ကြီးကြပ်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲ ရွေးကောက်ခံလွှတ်တော်အမတ်တွေအများစုနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသား ညီ ညွတ်ရေးအစိုးရ (NUG) က PDF ရဲ့ အခြေခံအုတ်မြစ်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ လက်လုပ်သေနတ်သာကိုင် ဆောင်သော်လည်း နယ်မြေကျွမ်းကျင်မှုကြောင့် PDF တွေရဲ့ တိုက်ခိုက်မှုက စစ်တပ်ကို တုန်လှုပ်စေခဲ့ပါတယ်။
လက်နက်ကိုင်ခုခံမှုကို အဆုံးသတ်နိုင်ဖို့ တုံ့ပြန်မှုအနေနဲ့ စစ်ကောင်စီက မြို့/ရွာတွေအပေါ် ရမ်းသမ်းပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ အမြောက်ပစ်ခတ်မှုတွေနဲ့ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အရပ်သား တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီအပေါ် လူထုထောက်ခံမှု ပိုကျဆင်းလာခဲ့ပြီး ပြည်သူ တွေကပင် အာဏာသိမ်းစစ်တပ်ကို တွန်းလှန်ဖို့ လက်နက်ကိုင်ဆောင်လာကြပါတယ်။
ပြည်သူလူထုအပေါ် အကြမ်းဖက်မှု၊ ပရော်ဖက်ရှင်နယ်ကျကျ လေ့ကျင့်မှုမရှိခြင်းနဲ့ စစ်ခေါင်းဆောင် အ ဆင့်တိုင်း၊ ဉပဒေစိုးမိုးရေးအဖွဲ့တိုင်းမှာ အဂတိလိုက်စားမှုကြောင့် ဖြစ်လာခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီဟာ နယ်မြေစိုးပိုင်မှု အပြည့်အဝ မထိန်းချုပ်နိုင်တော့ပါဘူး။ စစ်ကောင်စီရဲ့ ကျဆုံးမှုတွေကြောင့် အင်အားကြီးမား သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေက မြန်မာစစ်တပ်ကို မြေပြင်မှာတိုက်ခိုက်ဖို့ မဟာမိတ်အ ဖွဲ့တွေ ဖွဲ့စည်းခဲ့ကြပါတယ်။
EAO အချို့က PDF တွေရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကို ဖြုတ်ချမယ့် နွေဉီးတော်လှန်ရေးမှာ မပါဝင်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ရေးလေ့ကျင့်မှုနဲ့ အကူအညီအချို့ ပေးအပ် ခဲ့ပါတယ်။ မြန်မာ့အကျပ်အတည်းဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအတွက် ပေါက်ကွဲလုနီးပါး အခြေအနေတစ်ရပ် ဖြစ်လာခဲ့ပါတယ်။
တရုတ်နိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို ခိုင်ခိုင်မာမာ ထောက်ခံအားပေးပြီး အနောက်နိုင်ငံတွေက တော့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရှုတ်ချကာ သံတမန်တွေကို သံတမန်ဆန်ဆန် ထောက်ခံအားပေး ပြီး မြန်မာပြည်သူတွေရဲ့အသံ ကမ္ဘာကကြားနိုင်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ယူကရိန်းပဋိပက္ခကြောင့် မြန် မာ့အရေးကို ကမ္ဘာက စိတ်ဝင်စားမှုနည်းခဲ့ပါတယ်။
ပြီးခဲ့နှစ်မှာ အနောက်နိုင်ငံတွေက ဒဏ်ခတ်မှုကြောင့် သံတမန်ရေးရာအရ အထီးကျန်ဆန်မှုကို ဖြေရှင်းဖို့ အာဏာသိမ်းစစ်ကောင်စီဟာ “တန်ပြန်အကြမ်းဖက်မှု” လို့ခေါ်တဲ့ ပြည်တွင်း၊ပြည်ပမှ ထောက်ခံသူတွေကို ရှာဖွေ လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လအတွင်း မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုပိတ်ပင်ဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ တောင်းဆိုချက် ကို လျစ်လျူရှုခဲ့ပြီး တရုတ်၊ ရုရှားနဲ့ ဆားဘီးယားနိုင်ငံတွေက မြန်မာစစ်တပ်ရဲ့ ထိပ်တန်းလက်နက်တင်ပို့သူတွေ ဖြစ်နေဆဲဖြစ်ပါတယ်။
ပြည်သူတွေကို သတ်ဖြတ်ရာမှာ အသုံးပြုနေတဲ့ စစ်လက်နက်တွေ စစ်ကောင်စီထံ ရောင်းချနေမှုကြောင့် ရုရှားနဲ့တရုတ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူးက ရှတ်ချခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တစ်ရပ်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ရုရှားနိုင်ငံက မြန်မာ စစ်တပ်သို့ စစ်လက်နက်တွေ ရောင်းချနေပြီး မကြာမီ ဆူခွိုင်း-၃၀အက်စ်အမ် ဂျက်တိုက်လေယာဉ်သစ်တွေ ပေးပို့ မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတာကြောင့် အပြစ်မဲ့ ပြည်သူတွေရဲ့အခြေအနေ ပိုဆိုး လာခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် သန်းနဲ့ချီတဲ့ပြည်သူတွေဟာ တိုင်းပြည်ကို စွန့် ခွာနေကြပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူ ၁ ဒသမ ၃ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး ဒီသက် ရောက်မှုက အာရှ-ပစိဖိတ်ဒေသကိုကျော်လွန်ပြီး ရှိလာပါလိမ့်မယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အာဏာသိမ်းစစ်ကောင်စီအပေါ် ပြင်းထန်တဲ့ အရေးယူမှု မပြုလုပ်ခဲ့တာ ကြောင့် အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့က မြန်မာစစ်တပ်ရဲ့ လေပိုင်နက်ချိုးဖောက်မှုတွေကို သည်းခံခဲ့ပြီး သတိထားခဲ့ပေမယ့် ပဋိပက္ခဆက်ဖြစ်နေပြီး အလားတူ လေပိုင်နက် ချိုးဖောက်မှုတေွ ပုံမှန်လိုဖြစ်လာမယ်ဆိုရင် မြန်မာစစ်တပ်ရဲ့ရန်စမှုကို တုံ့ပြန်မှာဖြစ်ပြီး ဒီဖြစ်ရပ်တွေက ဒေသ တွင်းမှာ မတည်ငြိမ်မှုနဲ့ ကစဉ့်ကလျားအခြေအနေကို ဖြစ်လာစေနိုင်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေကို အချက်ပေးခဲ့တဲ့ မကြာသေးမီက မြန်မာနိုင်ငံမှာ တိုက်ခိုက်မှုတွေ မြင့်တက်လာမှု က အာရှ-ပစိဖိတ်ဒေသရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နေပါတယ်။ ရခိုင်ပြည်နယ်မှာ မလုံခြုံမှုနဲ့ မတည်ငြိမ်မှုက ဒေသတွင်းအထိ ပျံ့နှံ့စေခဲ့ပါတယ်။ အခြေအနေကို ကောင်းမွန်စွာ မဖြေရှင်းနိုင်ဘူးဆိုရင် အိုင်အက်စ်နဲ့ အယ်လ်ခိုင် ဒါလိုမျိုး အကြမ်းဖက်အဖွဲ့တွေက ရခိုင်ပြည်နယ်ရဲ့ ဆိုးရွားလာသောအခြေအနေကို အမြတ်ထုတ်လာမှာကို လူ တိုင်းက စိုးရိမ်နေကြပါတယ်။
ဒါကာနဲ့ နေပြည်တော်ကြား တစ်လကျော်ကြာ တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာစစ်တပ်ရဲ့ မြောက်များလှစွာသော လေပိုင်နက်ချိုးဖောက်မှု၊ လူသေဆုံးမှုရှိသော လက်နက်ကြီးပစ်ခတ်မှုနဲ့ သေနတ်ပစ်ခတ်မှုတွေကို မှတ်တမ်းတင်ထားပါတယ်။ မြန်မာစစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် လူသေ ဆုံးမှုနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ကောင်စီခန့်သံအမတ် အောင်ကျော်မိုးကို အ ကြိမ်ကြိမ် ဆင့်ခေါ်ပြီး သတိပေးခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းစွာ နေရပ်ပြန်ရေးလုပ်ဆောင်နိုင်ဖို့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေအတွက် မြန်မာစစ်တပ် တာဝန်ခံစေဖို့ ICJ၊ ဂမ်ဘီယာ၊ OIC နဲ့ နိုင်ငံတကာအဖွဲ့အစည်း တွေရဲ့ ကြိုးပမ်းမှုတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထောက်ခံအားပေးရမှာဖြစ်ပါတယ်။ ဒေသတွင်းတိုင်းပြည်တွေက လည်း ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် အရေးယူရမှာဖြစ်ပါတယ်။
ရိုဟင်ဂျာပြည်သူတွေရဲ့အသံနဲ့ နစ်နာဆုံးရှုံးမှုတွေကို ကမ္ဘာ့အသိုင်းအဝိုင်းသိရှိအောင် ဘင်္ဂလားဒေ့ရှ်နိုင် ငံက မှန်ကန်တဲ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ မြန်မာစစ်တပ်ကို ဖြုတ်ချနိုင်သည်အထိ ရို ဟင်ဂျာပြဿနာ ဆက်လက်ရှိနေနိုင်တယ်ဆိုတာ ဒေသတွင်းတိုင်းပြည်တွေ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက သိရှိ နားလည်ရမှာဖြစ်ပါတယ်။
အောက်တိုဘာလ ၂ ရက်က Eurasia Review ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Dr. Arpita Hazarika ရဲ့ Disaster is waiting for the Myanmar military junta ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။