ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်

 

ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သော လာနီညာ ရာသီဥတု ဖြစ်စဉ် သက်ရောက်မှုကြောင့် မြန်မာနိုင်ငံတွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပြီး အပူချိန်နှင့် မြူဆိုင်းမှုများ ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန်သည်။

 

လာမည့် နိုဝင်ဘာလ တတိယပတ်အတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက် တည်ရှိနိုင်ကာ ယင်းဖြစ်စဉ်ကြောင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်းနှင့် လေဖိအားနည်း ရပ်ဝန်းများ ပိုမိုဖြစ်ပေါ်ခြင်းတို့ ဖြစ်နိုင်ကြောင်း သိရသည်။

 

လာနီညာဖြစ်စဉ်ကြောင့်ဒေသအချို့တွင် အချိန်အခါမဟုတ် မိုးရွာခြင်း၊ ညအပူချိန်များ လျော့နည်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

နိုဝင်ဘာလ တတိယပတ် ၁၀ ရက်အတွင်း ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ် တို့တွင် ၃ ရက်မှ ၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပြီး၊ ကျန်တိုင်းနှင့် ပြည်နယ်များတွင် ၁ ရက်မှ ၂ ရက်ခန့် မိုးရွာနိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားသည်။

 

အဆိုပါကာလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုး/ဇလထံမှ သိရသည်။

 

ထို့ပြင်မန္တလေးတိုင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်း တို့တွင် နိုဝင်ဘာလပျ မ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့် အထက်ပိုနိုင်ပြီးကြောင်းသိရပြီး ကျန်တိုင်းနှင့် ပြည်နယ်များတွင်မူ နိုဝင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်မည်ဖြစ်သည်။

 

စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ မွန်နှင့် ရှမ်းပြည်နယ်တို့တွင် ၅ ရက်မှ ၉ ရက်ခန့် နံနက်ပိုင်းတွင် မြူထူများ ဆိုင်းနိုင်ပြီး၊ ကျန်ဒေသများတွင် ၁ ရက်မှ ၄ ရက်ခန့် မြူဆိုင်းနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – မိုး/ဇလ ၊ ဧရာဝတီတိုင်းမ်