ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်
ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ ဂျပန်နဲ့တရုတ်ကြား တင်းမာမှုတွေ မြင့်တက်နေစဉ် ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက ဂျပန်ဆူရှီ စားနေတဲ့ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်မှာ တင်လိုက်ပါတယ်။
“ဒီနေ့ နေ့လည်စာကတော့ ဆူရှီနဲ့ မီဆိုဟင်းချို ဖြစ်ပါတယ်” လို့ လိုင်ချင်တေးက ဂျပန်၊ တရုတ် ဘာသာစကားနှစ်မျိုးရေးပြီး ကြာပသတေးနေ့က လူမှုကွန်ရက်မှာ ဓာတ်ပုံတင်ခဲ့တာပါ။
ဂျပန်မှ ပင်လယ်စာတင်သွင်းမှု ရပ်ဆိုင်းဖို့ အစီအမံတွေ လုပ်ဆောင်ခဲ့ကြောင်း တရုတ်က ဂျပန်ကို အကြောင်းကြားပြီးနောက် သူက အခုလို ဆူရှီစားနေတဲ့ဓာတ်ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့တာပါ။
တရုတ်နိုင်ငံဟာ ဂျပန်နဲ့ထိုင်ဝမ်ကို စကားလုံးတွေ၊ စစ်အင်အားတွေနဲ့ ခြိမ်းခြောက်ခဲ့ပြီး စီးပွားရေး အရ အကျပ်ကိုင်ခဲ့ကြောင်း လွှတ်တော်အမတ်တစ်ဉီးရဲ့ မေးမြန်းချက်ကို ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး လင်ချာလန်က ဖြေကြားခဲ့ပါတယ်။
တရုတ်က ထိုင်ဝမ်ကို ကျူးကျော်လာရင် ဂျပန်က စစ်ရေးအရ တုံ့ပြန်မယ်လို့ ဒီလအစောပိုင်းက လွှတ်တော်မှာ ပြောကြားခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် တာကိုင်ချိဆာနေးကို ထောက်ခံကြဖို့ ၎င်းက ထိုင်ဝမ် ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။
ချစ်ကြည်ရင်းနှီးမှု ပြသမှုအဖြစ် ဂျပန်သို့ သွားရောက်လည်ပတ်ကာ ဂျပန်ထုတ်ကုန်တွေ ပိုပြီး ဝယ်ယူကြဖို့ သူက ထိုင်ဝမ်ပြည်သူတွေကို တောင်းဆိုခဲ့ပါတယ်။
တရုတ်ရဲ့ ဖိအားတိုးပေးမှု ရင်ဆိုင်နေရတဲ့ ဂျပန်နိုင်ငံကို ထောက်ခံမှုပြသဖို့ လိုအပ်တယ်လို့ အာ ဏာရ DPP ပါတီက ယူဆပါတယ်။
ကိုးကား – NHK
Ref; Taiwan President Lai posts photo of himself eating Japanese-sourced sushi