အင်ဒိုနီးရှားဘောလုံးပြိုင်ပွဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ လူ ၁၂၉ ဦး သေဆုံးပြီး ၁၈၀ ဝန်းကျင် ဒဏ်ရာရ

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၂ ရက်

အင်ဒိုနီးရှားနိုင်ငံရှိ ဘောလုံးပွဲတစ်ပွဲ၌ ရုန်းရင်းဆန်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၂၉ ဦး သေဆုံးပြီး ၁၈၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယနေ့ ပြောကြားလိုက်ပြီး ကမ္ဘာပေါ်မှာ အားကစာကွင်းတစ်ခုမှာ လူ အသေအဆံးအများဆုံး ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။

ပရိသတ် ၃၈၀၀၀ သာဆန်တဲ့ ကစားကွင်းမှာ လက်မှတ် ၄၂၀၀၀ ရောင်းချခဲ့လို့ အခုလိုဖြစ်ရတာလို့ အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီး မာဖွတ်အမ်ဒီက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

အရှေ့ဂျာဗားပြည်နယ်မှာ စနေနေ့ကပြုလုပ်တဲ့ အာရီမာအက်ဖ်စီနဲ့ ဆူရာဗာရာအသင်းတို့ရဲ့ ပွဲစဉ်အပြီးမှာ ရှုံးနိမ့်တဲ့အသင်းရဲ့ ပရိသတ်တွေက ကွင်းအတွင်းကို ဝင်ရောက် လာခဲ့လို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ခဲ့ရာ လူအုပ်ပြိုမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲ နီကိုအာဖင်နာက သတင်းထောက်တွေကို ပြောပါတယ်။

“ပရိသတ်တွေက ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ကာ ကားတွေကို ဖျက်ဆီးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်နှစ်ဉီး သေဆုံးခဲ့ပြီး လူ ၃၄ ဉီးကတော့ အားကစားကွင်းအတွင်း သေဆုံးကာ ကျန်တဲ့သူတွေကတော့ ဆေးရုံမှာ သေဆုံးခဲ့ တာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

အင်ဒိုနီးရှား လူ့အခွင့်အရေးကော်မရှင်က မျက်ရည်ယိုဗုံး အသုံးပြုတာအပါအဝင် မြေပြင်က လုံခြုံရေးအ ခြေအနေကို စုံစမ်းဖော်ထုတ်ဖို့ စီစဉ်နေတယ်လို့ ကော်မရှင်နာမင်းကြီးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ယခင်ကလည်း ဘောလုံးပြိုင်ပွဲတွေမှာ အခုလိုမျိုးဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ဖူးပြီး ပြိုင် ဘက်အသင်းတွေကြား ပြိုင်ဆိုင်မှုပြင်းထန်တာကြောင့် ပရိတ်သတ်တွေကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ဖူးပါတယ်။

ကိုးကား – CNA

Ref; Indonesia police say 129 people killed after stampede at football match

Photo – AFP, Reuters, EPA