
ဧရာဝတီတ်ိုင်းမ်
ဇူလိုင်လ ၂ ရက်
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်မှထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင်လ ၂ ရက် ယနေ့နက် ၉ နာရီဝန်းကျင်တွင်ပဒေသာမိုင်း ၂ တွဲဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်မှ
သေဆုံးမှုတချို့ရှိနိုင်ပြီး အများအပြားဒဏ်ရာရှိခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ထံကသိရသည်။
“ပုလဲဘက်က သူတို့ထွက်လာတာကို အတိကျသတင်းရလို့ကံကြီးကျေးရွာ အနီးမှာ အသင့်စောင့်ဆိုင်းပီး ပဒေသာ ၂တွဲ Remote မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ကျဆုံးမှူကိုတိတိကျကျ မသိရသေးပေမယ့် ထိခိုက်မှူ အများအပြား ရှိမှာတော့သေချာပါတယ်” လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အင်အားအများအပြား ဖြင့် စစ်ကြောင်းဖြန့် ကာ ပုလဲမြို့နယ်တောင်ပိုင်း ကျေးရွာအနှံ့ နည်းမျိုးစုံဒုက္ခပေးနေတာကြောင့် စစ်ရေးသတိနှင့် ရှောင်တိမ်းဖို့ကိုလည်း ကျားသစ်နက်တပ်ဖွဲ့ဝင်များက သတိပေးထားသည်။
စစ်ကောင်စီတပ်တွေဟာ ဒေသခံပြည်သူများကို ဒုက္ခမပေးနိုင်အောင် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့အနေဖြင့် အကာကွယ်ပေးနေသည့်အတွက် နီးစပ်ရာ မဟာမိတ်တပ်ဖွဲ့များအနေဖြင့် ပူးပေါင်းပါဝင်ပေးဖို့ကိုလည်း ကျားသစ်နက်အဖွဲ့ကမေတ္တာရပ်ခံ တိုက်တွန်းထားသည်။