ဓာတ်ပုံ - ကော်ဘရာ စစ်သည်တော် အချို့

ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂ ရက်

ကရင့်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) ထိန်းချုပ် နယ်မြေ၊ လေ့ကေ့ကော်ဒေသရှိ တောင်ကုန်းတစ်ခုပေါ်သို့ စစ်ကောင်စီတပ်မှ ဇူလိုင်(၁) ရက်နေ့ နေ့လည် ၁၁ နာရီ ၅၀ မိနစ်ခန့် မှ ၂ နာရီ ၂၉ မိနစ်အချိန်အထိ (၁‌၂၀) မမ၊ ဟောင်ဝစ်ဇာ (၁၂၂) မမ လက်နက်ကြီးများဖြင့်‌ သည်းထန်စွာ ပစ်ခတ်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ယနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ထိုကဲ့သို့ ပစ်ခတ်ခဲ့ပါသော်လည်း လုံခြုံရေး တာဝန်ထမ်းဆောင်နေသော ကော်ဘရာစစ်သည်များ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ ကော်ဘရာစစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။