
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်
မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဗြိဘ(အရှေ့)ရွာကို မီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင်လ ၂ ရက် ဒီကနေ့ နံနက် ၁၀ နာရီတွင် ရေစကြိုPDFကတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးကြောင်း ရေစကြို PDF ထံကသိရသည်။
၎င်းတိုက်ခိုက်မှုသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဆားလင်းကြီးမြို့နယ် (Salingyi Special Task Force) ညီနောင်မဟာမိတ် ( ၃ )မြို့နယ် ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ််တယ်လို့ ရေစကြို PDF ကပြောသည်။
အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီဘက်က စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူကာကွယ်ရေး ဘက်မှ ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရဘူးလို့ ရေစကြို PDF တပ်ဖွဲ့ဝင်များကပြေသည်။