ဇွန်လအတွင်း ဖျာပုံမြို့ပေါ်မှဖယ်ရှားပေးခဲ့ရသည့် နေအိမ်ဆိုင်တခန်းတချို့

ကျော်လင်း/ဧရာဝတီတိုင်းမ်
ဖျာပုံ ၊ ဇူလိုင် ၂ ရက်

ဧရာဝတီတိုင်း၊ဖျာပုံမြို့စစ်ကောင်စီက လမ်းနှင့်မလွတ်ဟုဆိုကာ ဇွန်လဆန်းပိုင်းကစ၍ နေအိမ်အဆောက်အဦးများကို ဖိအားပေးဖယ်ရှားခိုင်းစေခဲ့ကြောင်း သိရသည်။

ဇွန်လအတွင်း ဖျာပုံမြို့ပေါ်နေရာအများအပြားမှ လူနေအိမ်စျေးဆိုင်ပေါင်း ၂၀၀ ကျော်အထိ ဖယ်ရှားမပေးခဲ့ရပြီး ဖယ်ရှားရန်ငြင်းဆန်သည့် ဖျာပုံမြို့ မဟာမြိုင်လမ်းနှင့်ဒုတိယလမ်းထောင့်မှ စျေးဆိုင် ၄ ဆိုင်ကို စစ်ကောင်စီက ဇွန်လ ၂၉ ရက်တွင် စည်ပင်ဥပဒေဖြင့်တရားစွဲဆိုထားကြောင်း သိရသည်။

” မြို့ပေါ်မှာ လမ်းနယ်နိမိတ်မလွတ်ဘူးဆိုပြီး အတင်းဖယ်ခိုင်းတယ်၊တမြို့လုံးဆို ၂၀၀ ကျော်ပြီ။ သူ တို့ဖယ်ခိုင်းတာမဖယ်လို့ဆိုပြီး ဒေါ်ညို ထမင်းဆိုင်အပါဆိုင်ခန်း ၄ ခန်းကိုစည်ပင်ဥပဒေနဲ့စွဲထားတယ်။အားလုံးက ကိုယ်ဆိုင်ကိုယ်ဖျက်ပေးကြရတာရှင့်။ အရောင်းအဝယ်ရပ်သွားတော့ စားဝတ်နေရေးအခက်အခဲ အများကြီး ဖြစ်ရပါတယ်ရှင်။ တရားစွဲခံရတဲ့သူတွေက ပိုဆိုးတာပေါ့”ဟု ဖျာပုံမြို့ခံ အမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။

ဇွန်လ နောက်ဆုံးအပတ်ကလည်း ဖျာပုံ- ကျုံကဒွန်း- သမိန်ထောကုန်းလမ်းပိုင်းတွင် လမ်းနယ်နိမိတ်နှင့်မလွတ်ဟုဆိုကာ ရှေးဟောင်းမွန်ရွာ ၂ ရွာက အိမ်ခြေ ၂၀၀ ကျော်ဖယ်ရှားပေးရန် စစ်ကောင်စီကဖိအားပေးထားကြောင်း ဒေသခံများထံကသိရသည်။