
ဧရာဝတီတိုင်းမှာ လူနာသစ် ၂၃ ဦးတွေ့ပြီး တိုင်းမြို့တော် ပုသိမ်မှာ အများဆုံးဖြစ်နေ
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂ ရက်
ဧရာဝတီတိုင်းမှာ အောက်တိုဘာလ ၁ ရက်နေ့ ၁ ရက်ထဲ ကိုဗစ်အတည်ပြုလူနာ ၂၃ ဦးတွေ့ရှိပြီး တိုင်းမြို့တော်ဖြစ်တဲ့ ပုသိမ်မြို့မှာ ပိုးတွေ့လူနာအများဆုံးဖြစ်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လူနာသစ်တွေ့ရှိတဲ့မြို့နယ်တွေကတော့ ပုသိမ်မြို့မှာ ၇ ဦး၊ ကျောင်းကုန်မြို့မှာ ၄ ဦး၊ဓနုဖြူမြို့မှာ ၃ ဦးနဲ့ ရောဂါပိုးအများဆုံး တွေ့ရှိခဲ့တာပါ။
ကိုဗစ်ရောဂါတွေ့ရှိတဲ့ ကျန်တဲ့မြို့နယ်တွေကတော့ မြောင်းမြမြို့မှာ ၂ ဦးနဲ့ လပွတ္တာ၊ ကန်ကြီးထောင့်၊ ရေကြည်နဲ့ အိမ်မဲမြို့နယ်တွေမှာ ၁ ဦးစီ လူနာသစ်တွေ့ရှိခဲ့တာလို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကတော့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးလည်း ရောဂါကူးစက်နိုင်တာကြောင့် ပြည်သူတွေကို သတိထားသွားလာဖို့အတွက် တိုက်တွန်းထားပါတယ်။
ဧရာဝတီတိုင်းမှာ အာဏာသိမ်းစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ကတော့ မြို့နယ်အလိုက်မှာ ပျော်ပွဲရွှင်တွေကို လစဥ်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။