ဧရာဝတီတိုင်းကို စစ်ကောင်စီက ပြည်သူတွေ စွပ်စွဲဖမ်းဆီးတာတွေ ပိုများလာနိုင်တယ်လို့ ပြောက်ကျားတပ်ဖွဲ့ သတိပေး
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂ ရက်
ဧရာဝတီတိုင်းစက်တင်ဘာလကုန်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဝင်ရောက်လာတော့မယ် ဆိုတဲ့သတင်းကြောင့်
ပြည်သူတွေကို စွပ်စွဲဖမ်းဆီးတာတွေ ပိုလုပ်လာနိုင်တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက သတိပေးပြောဆိုလိုက်ပါတယ်။
ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီဘက်က စစ်ဆေးတာတွေ ပိုမိုတင်းကြပ်လာသလို နေရာတော်တော် များများမှာလည်း ရှောင်တခင်စစ်ဆေးတာတွေပြုလုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” အစ်ကိုတို့အနေနဲ့ကတော့ တင်းကြပ်လာတာမရှိဘူး ဒါပေမယ့် ပြည်သူတွေကို ဖမ်းဆီးတာတွေ ပိုလုပ်လာနိုင်တယ် စွပ်စွဲဖမ်းဆီးတာမျိုးကိုပြောတာ အစ်ကိုတို့ကတော့ ဝန်ကြီးဌာနကညွှန်ကြားတဲ့ အတိုင်းဆက်သွားနေပါတယ်”လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။
ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့အနေနဲ့ကတော့ သတင်းတွေပျံနှံလာတဲ့အပေါ်မှာ သေချာအတည်ပြု မရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြန်ဝင်လာတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် လာပြီးနောက်ပိုင်း မြို့ အဝင် အထွက် ဂိတ်တွေမှာ ပိတ်ဆို့စစ်ဆေးတာတွေပိုမိုပြုလုပ်လာသလို ရေလမ်းမှာလည်း ပိတ်ဆို့စစ်ဆေးတာတွေပါပြုလုပ်လာပြီး ငါးဖမ်းခွင့်တွေလည်းပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။