ကျိုက်ထိုတွင် စစ်ကောင်စီဂိတ်စခန်း ၂ ခုတိုက်ခိုက်ခံရ

ဧရာဝတီတိုင်းမ်

(ကျိုက်ထို)၊ အောက်တိုဘာလ ၁ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယမန်နေ့ စက်တင် ဘာလ ၃၀ ရက်နေ့နှင့် ယနေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီဂိတ်စခန်း ၂ ခုဖြစ်သည့် မုပ္ပလင်လမ်း ဆုံစစ်ဆေးရေးဂိတ်နှင့် ဝင်းကလောလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ တိုက်ခိုက်ခံရကြောင်းသိရသည်။

စစ်ကောင်စီတပ်သားအင်အား ၁၅ ဦး ဝန်းကျင်ရှိ ဝင်းကလေားဂိတ်စခန်းကို ယနေ့ မနက် ၅ နာရီဝန်းကျင်တွင် ကျိုက်ထိုမြို့နယ်တော်လှန်ရေးအဖွဲ့ ၃ ဖွဲ့မှပူးပေါင်း၍ မိနစ် ၂၀ ဝန်းကျင်ကြာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

“စခန်းသိမ်းနိုင်ခဲ့တယ်လို့သိရတယ်၊ သူတို့အကုန်ထွက် ပြေးသွားကြတယ်၊ လက်နက်တော့မရလိုက်ဘူး‌၊ သူတို့ကလက်နက်တွေပါသယ်ပြေးသွားလို့။စခန်းတော့ မီးမရှို့ခဲ့ဘူး၊ လမ်းမဘေးဂိတ်တဲလေးဘဲဆိုတော့၊စခန်းတွင်းကဆိုလာပြား ၂ ချက်တော့သိမ်းဆည်းရခဲ့တယ်” ဟု ကျိုက်ထိုဒေသတွင်းသတင်းများကိုဖော်ပြနေသည့် KRIN တာဝန်ခံက ဧရာဝတီတိုင်းမ်ကို

ပြောသည်။

အလားတူ စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း မုပ္ပလင်လမ်းဆုံဂိတ်အား KNLAပူးပေါင်းတပ်ဖွဲ့များမှ လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများဖြစ်ပွားပြီးတပ်သား ၂ ဦးသေဆုံးကြောင်း ပါသိရသည်။

ကျိုက်ထို့မြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေး ဂိတ်စခန်းများ မကြာခနတိုက်ခိုက်ခံနေရပြီး စက်တင်ဘာလအတွင်းတွင် စစ်ကောင်စီဂိတ်စခန်း များ ၄ ကြိမ် ထက်မနည်းတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

#ကျိုက်ထို #စစ်ကောင်စီ #ဂိတ်စခန်း #တိုက်ခိုက်ခံရ #AyeyarwaddyTimes