ဆားတောင်ရဲစခန်း ၄၀ မမ နဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးဟုဆို

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၁ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ရွှေဘို-မန္တလေးလမ်းပေါ်ရှိ ဆားတောင်ရဲစခန်းကို ယနေ့နံနက်ပိုင်းကပစ်ခတ်တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုများရှိကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ PAFD အဖွဲ့မှပြောသည်။

ယနေ့ အောက်တိုဘာ ၁ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ဆားတောင်မြို့မရဲစခန်းအား ၄၀ မမ များဖြင့် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ လတ်တလောတွင် ရဲတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးသည်ဟု အဆိုပါအဖွဲ့မှဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို People’s Army To Fight Dictatorship(PAFD)တပ်ခွဲDK PDF(MMU)၊ People’s knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF)၊ D.B.B.F-MMU / Phoenix(SGG) စသည့်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုကိုတော့ ဧရာဝတီတိုင်းမ်းအနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

#AyeyarwaddyTimes