ဟင်္သာတမြို့က NLD ရပ်ကျေးဥက္ကဋ္ဌ တစ်ဦးရဲ့နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၁ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ပေါ်က NLD ရပ်ကျေး ဥက္ကဋ္ဌတစ်ဦးရဲ့နေအိမ်ကို စက်တင်ဘာလ ၂၉ ရက်က စစ်ကောင်စီတပ်၊ ရဲနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ကလာရောက်ချိပ်ပိတ်သွား​တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ချိတ်ပိတ်ခံရတဲ့နေအိမ်ဟာဟင်္သာတမြို့ ၊တာကလေးရပ်ကွက်၊ ဗာဂျီးနီးယား (၆) လမ်းက NLD ရပ်ကျေး ဥက္ကဋ္ဌ ဦးမောင်မောင်ဆန်းရဲ့နေအိမ်ကို PDFအဖွဲ့နဲ့ပတ်သတ်တယ်ဆိုပြီးချိပ်ပိတ်ခံခဲ့ရတာလို့ သိရပါတယ်။

“ဦးမောင်မောင်ဆန်းတို့က ရှောင်နေတာကြာပြီ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက လာသတိပေးထားတယ် အိမ်ကိုချိပ်မပိတ်သေးလို့လူတွေနေနေကြသေးတယ်၂၉ရက်နေ့ကြမှ ဗီနိူင်းကပ်ပြီးအိမ်ကလူတွေကိုပစ္စည်းတွေသိမ်းခိုင်းပြီး အိနှင်ချလိုက်တာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဦးမောင်မောင်ဆန်းဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြမှု​တွေမှာပါ၀င်ခဲ့မှုနဲ့ စစ်ကောင်စီတပ်နဲ့ ရဲများကလိုက်လံဖမ်းဆီးတာကြောင့်ဟင်္သာတမြို့ကနေ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်နေတာတစ်နှစ်နီးပါးရှိနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ဟင်္သာတမြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၊NLD တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၂ ဦးရဲ့နေအိမ်အပါအဝင် လူနေအိမ် ခုနစ်လုံးကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။

#ဟင်္သာတမြို့ #NLD #ရပ်ကျေးဥက္ကဋ္ဌ #နေအိမ် #စစ်ကောင်စီ #ချိပ်ပိတ်

#Ayeyarwaddy_Times