မြောက်ကိုရီးယားက နျူလက်နက်တွေ အသုံးပြုမယ်ဆိုရင် ပြင်းထန်တဲ့တုံ့ပြန်မှုကို ရင်ဆိုင်ရမယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ခ်ယို သတိပေး

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၁ ရက်

နျူကလီးယားလက်နက်တွေ အသုံးပြုဖို့ ကြိုးပမ်းမယ်ဆိုရင် တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံရဲ့ ပြင်း ထန်တဲ့တုံ့ပြန်မှုကို ကြုံတွေ့ရမယ်လို့ သမ္မတ ယွန်းဆတ်ခ်ယိုက မြောက်ကိုရီးယားနိုင်ငံကို သတိပေးလိုက်ပါ တယ်။

တစ်ပတ်အတွင်း စတုတ္ထမြောက် စမ်းသပ်မှုအဖြစ် မြောက်ကိုရီးယားနိုင်ငံက အရှေ့ပင်လယ်အတွင်း တာ တိုဒုံးကျည်တွေ ပစ်လွှတ်ပြီးနောက် တပ်မတော်နေ့ အခမ်းအနားမိန့်ခွန်းမှာ ယွန်းဆတ်ခ်ယိုက အခုလို သတိပေး လိုက်တာပါ။

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားစမ်းသပ်မှုပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပုံပေါ်ပြီး ခေါင်းဆောင်ပိုင်း က ခြိမ်းခြောက်ခံနေရတာကြောင့် မကြာသေးမီက နျူကလီးယားလက်နက်တွေ အသုံးပြုဖို့ ဉပဒေအရခွင့်ပြုလိုက် တာကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

“နျူကလီးယားလက်နက်မူဝါဒကို ဉပဒေအဖြစ် ပြဌာန်းလိုက်တာကြောင့် မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံရဲ့ ကျန်ရစ်မှုနဲ့ သာယာဝပြောမှုကို ခြိမ်းခြောက်နေပါတယ်” လို့ ဆိုးလ်မြို့တော်ရဲ့တောင် ဘက် ကီလိုမီတာ ၁၆၀ ခန့်အကွာ ဂျာယောင်ဒေး စစ်ဌာနချုပ်မှာ သူက ပြောကြားခဲ့ပါတယ်။

“မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက်တွေ အသုံးပြုဖို့ ကြိုးပမ်းမယ်ဆိုရင် တောင်ကိုရီး ယားနဲ့ အမေရိကန်စစ်တပ်တွေရဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုကို ရင်ဆိုင်ရမှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

မြောက်ကိုရီးယား အာဏာရှင်အစိုးရက စစ်မှန်သောငြိမ်းချမ်းရေးနဲ့ ကိုရီးယားကျွန်းဆွယ် သာယာဝပြော ရေးအတွက် နျူကလီးယားလက်နက်ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်ချရမယ်လို့ ယွန်းဆတ်ခ်ယိုက ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက်ထုတ်လုပ်ရေး အစီအစဉ်က အပြည်ပြည်ဆိုင်ရာ လက် နက်မပြန့်ပွားရေးဥပဒေကို ချိုးဖောက်ပြီး မြောက်ကိုရီးယားပြည်သူတွေကို ထပ်မံ နာကျင်စေမယ်လို့ သူက ပြော ပါတယ်။

ကိုးကား – Yonhap

Yoon warns N. Korea of ‘resolute, overwhelming’ response in event of nuclear weapons use